NEWS

လုပ်ခလစာမပေးဘဲ ဆိုင်ပိတ်ခဲ့တဲ့ပိုင်ရှင်ကို အလုပ်သမား ၁၂ ဦးအပါအဝင် M.H.A.C တိုင်ကြား

CoverLogo
524 Views
 
ထိုင်းနိုင်ငံ စာမွတ်ပကန်မြို့နယ်ရှိ စားသောက်ဆိုင်တစ်ခုမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၁၂ ဦးကို ၁လခွဲစာ လုပ်ခလစာ မရှင်းပေးတဲ့ အပြင် ကြိုတင်အကြောင်းကြားခြင်းလည်းမရှိဘဲ ပိုင်ရှင်မှ “ဆိုင်ပိတ်ပြီ။ နက်ဖြန်တစ်ရက်ဆင်းပြီးရင် အလုပ်လာစရာမလိုတော့ဘူး” လို့ ပြောခဲ့တာ ကြောင့် အလုပ်ရှင်ကို တိုင်ကြားခဲ့တယ်လို့ M.H.A.C ထံကသိရပါတယ်။
 
မြန်မာအလုပ်သမား ၁၂ ဦးက ဆိုင်ပိုင်ရှင်ထံ “ရစရာရှိသော လုပ်ခလစာနှင့် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရတ် ဆိုင်ပိတ်သိမ်းလိုက်တဲ့ အပေါ် ဘာမှ မလုပ်ပေးဘူးလား” ဟု မေးမြန်းရာ ဆိုင်ပိုင်ရှင်မှ တာဝန်ယူခြင်းမရှိသည့်အပေါ် မကျေနပ်မှုရှိခဲ့ရာမှ M.H.A.C အဖွဲ့ထံ အကူအညီတောင်းခံခဲ့တာပါ။
 
M.H.A.C (မဟာမိတ်အဖွဲ့) အနေနဲ့ မြန်မာအလုပ်သမား တွေ အကူအညီတောင်းခံလာတဲ့အတွက် နယ်မြေခံ ထိုင်းအစိုးရ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန (ဆဝါဒီကန်) မှာ အမှုဖွင့်တိုင်ကြားထားပြီး နစ်နာခဲ့တဲ့ မြန်မာအလုပ်သမား ၁၂ ဦးရဲ့ လုပ်အားခနဲ့ နစ်နာကြေးတွေ ရရှိဖို့ အကူအညီပေးသွားမယ်လို့ သိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026