NEWS

လုပ်ခလစာတိုးမြှင့်ပြီးနောက် အဆောင်ရှင်တချို့ အခန်းခ ထက်ဝက် တိုးတောင်း

CoverLogo
663 Views
 
ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတွေ အတွင်း လုပ်ခလစာ တိုးမြှင့်တောင်းဆိုမှုတွေ ဖြစ်ပွားပြီးနောက် အလုပ်လစာ အနည်းငယ် တိုးမြှင့် ရရှိခဲ့ပေမဲ့ အခန်းခတွေ တိုးမြှင့်တာတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အရင် ခုနှစ်သောင်းကနေ အခု အခန်းခ တသိန်း ၊ ဒီ ဇွန်လအတွက် တစ်သိန်း ဖြစ်သွားးတယ်။ အခုနေတာ ရိုးကြီးဘက်ပေါ့၊ ထန်းတပင် အပိုင်တွေပါ။ ရွှေလင်ဗန်း စက်မှုဇုန် အစပ်တွေမှာ ဖြစ်နေတာ။ အဆောင်ရှင်တွေ တောင်းတဲ့အတိုင်း မရရင် မနေချင် မနေနဲ့ ၊ ဒါမျိုးတော့ ပြောတာ ပေါ့။” လို့ ပြောပါတယ်။
 
အဆောင် အခန်းခ နေစရိတ်တွေ စတင် တက်လာတာဟာ ၂၀၂၅ ခုနှစ် နှစ်စကတည်းက ဖြစ်ပြီး ၆ လကျော် ကာလ အတွင်း နေစရိတ် ထက်ဝက်နီးပါးအထိ တက်လာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကမှာ အခန်းခ တလ ကျပ် ၆၀၀၀၀ ဝန်းကျင်တာ ရှိခဲ့တယ်လို့ ဆက်ပြောပါတယ်။ လက်ရှိ အဆောင်းအခန်းခကို ကျပ် ၅၀၀၀ တိုးမြှင့်တောင်းထားတယ်လို့ စက်မှုဇုန်တွေ အနီးက အဆောင်ပိုင်ရှင်တဦးက ပြောပါတယ်။
 
“ဇွန်လအတွက် တခန်းကို ၅၀၀၀ တိုးတောင်းထားတယ်။ အခု ရက်ကွက်မှာက မီးပျက်တာ တလနီးပါး ရှိနေပြီ။ ရေစက်မောင်းပေး၊ မီးစက်မောင်းပေးဆိုတော့ ၊ အဲ့အတွက်လောက်တော့တိုးတောင်းတယ်။ တခြားလို ၃/၄ သောင်း တိုးမတောင်းဘူး။ “ လို့ ပြောပါတယ်။
 
လှိုင်ယာယာမြို့နယ်အတွင်းနဲ့ ဝန်းကျင်ဒေသတွေက အဆောင်တွေမှာ လျှပ်စစ်မီး၊ သုံးရေ၊ သောက်ရေ စရိတ်တွေကို သီးခြားကျခံရတဲ့ အပြင် အဆောင် အခန်းလုံခြုံရေးအတွက် ကိုယ်တိုင် စိုက်ထုတ် သုံးစွဲရတာတွေ ရှိတယ်လို့ ရွှေ့ပြောင်း အလုပ်သမား တဦးက ပြောပါတယ်။
 
“ဒီအခန်းလေးမှာနေတာ ၄ နှစ်အထက် ရှိနေပြီ။ အခန်းမှာ ရေချိုးခန်း၊ အိမ်သာ တွဲလျက်ပါတယ်။ အခန်း စပြောင်းလာ ကတည်းက ပိုက်၊ ပိုက်ခေါင်းတို့၊ သော့တို့၊ တံခါးကပစ္စည်းတွေ၊ လျှပ်စစ်မီးလုံးတွေ အဲ့လို လိုတာတွေ အဲ့လိုပစ္စည်းတွေ ဝယ်ထည့်ရတယ်။ အခုဆို အားလုံးက ကိုယ်ဝယ်ထည့်ထားတာတွေ။ နောက် ရပ်ကွက်က ကင်းကြေး၊ ဧည်းစာရင်းကြေး အဲ့ဒါတွေနဲ့ ဆို ၁၃၀,၀၀၀ ကျော်နေပြီ။ ရက်တွက်ဒေးကြေး တောင်းလို့ ရတာက ၁၂၀,၀၀၀ တောင် မပြည့်ဘူး။ အလုပ်သမားတွေက လုပ်ခတိုးဖို့ ထောင်နှုတ်ခမ်း နင်းပြီး တောင်းဆိုခဲ့ရတာ။ ” လို့ ပြောပါတယ်။
 
လှိုင်သာမြို့နယ်ဟာ ရန်ကုန်မြို့ရဲ့ အကြီးဆုံး စက်မှုဇုန်တွေ ရှိတဲ့ မြို့နယ်ဖြစ်ပြီး လူဦးရေ ၁၀ သိန်း နီးပါး နေထိုင်ကြတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း များပြားလို့ အဆောင်တွေမှာ နေထိုင်တဲ့ ရွှေ့ပြောင့်းလုပ်သားတွေလည်း အများအပြား နေထိုင်ကြပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026