NEWS

လုပ်ခနဲ့ အချိန်ပိုကြေးမရဘဲအတင်းအကျပ်ခိုင်းစေခံရမှု တိုင်ကြားဖြေရှင်းနိုင်ခဲ့

CoverLogo
338 Views
 
ထိုင်းနိုင်ငံ စမုပကန်ရှိ အသီးစက်ရုံတစ်ခု မှ မြန်မာလုပ်သား ၁၂၀ဦး ကို အလုပ်ရှင်က လုပ်ခနဲ့ အချိန်ပိုကြေးတွေ မပေးဘဲ အတင်းအကြပ်ဖိအားပေးအလုပ်ခိုင်းစေခံရတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးကူညီပေးနေတဲ့ 𝐌.𝐇.𝐀.𝐂 (မဟာမိတ်အဖွဲ့)ထံမှ သိရပါတယ်။
 
လစာ ၁ လစာ အပြည့်မပေးတဲ့အပြင် အချိန်ပိုလုပ်အားခ ၁လခွဲ စာကိုပါ ထုတ်မပေးဘဲ ​မြန်မာအလုပ်သမား(၁၂၀)ဦး အပေါ် အတင်းအကျပ်ဖိအားပေးကာ အလုပ်ခိုင်းနေတယ်လို့ဆိုပါတယ်။
 
"ကျွန်တော်တို့ကို ၇လပိုင်းအတွက်လစာကို ၃ထောင်ပဲပေးတယ် OTကြေးတစ်လခွဲစာထုတ်မပေးပဲ ဆက်ပြီးခိုင်းနေတာ ထုတ်ပေးဖို့ပြောတော့လည်း မရဘူး တိုင်ချင်တဲ့နေရာတိုင်ဆိုတဲ့ပုံစံမျိုး ''လို့ နစ်နာသူ အလုပ်သမားတစ်ဦးကပြောပါတယ်။
 
အခုလို အခက်ခဲတွေ ဖြစ်ပေါ်နေတဲ့ အတွက် ဩဂုတ်လ ၅ရက်နေ့မှာ အလုပ်သမားတွေက 𝐌.𝐇.𝐀.𝐂 (မဟာမိတ်အဖွဲ့)ထံသို့ အကူညီတောင်းခံလာတယ်လို့ သိရပါတယ်။
 
အလုပ်သမားတွေရဲ့ အကူညီတောင်းခံလာမှု အပေါ် 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)၊ 𝐍𝐔𝐆(အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုး ဦးနိုင်ထွန်းဦး)နှင့်အတူနစ်နာသူ အလုပ်သမားတွေ က သက်ဆိုင်ရာ အလုပ်သမားကာကွယ်စောက့်ရှောက်ရေးရုံး သို့ သွားရောက် တိုင်ကြားပေးခဲ့တယ်လို့သိရပါတယ်။
 
အခုလို တိုင်ကြားလိုက်တဲ့ အတွက် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာ ဖြေရှင်းပေးမှုလို့ ကျန်ရှိတဲ့ လုပ်ခလစာတွေ ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026