NEWS

လုပ်ခနဲ့ အချိန်ပိုကြေးမရဘဲအတင်းအကျပ်ခိုင်းစေခံရမှု တိုင်ကြားဖြေရှင်းနိုင်ခဲ့

CoverLogo
184 Views
 
ထိုင်းနိုင်ငံ စမုပကန်ရှိ အသီးစက်ရုံတစ်ခု မှ မြန်မာလုပ်သား ၁၂၀ဦး ကို အလုပ်ရှင်က လုပ်ခနဲ့ အချိန်ပိုကြေးတွေ မပေးဘဲ အတင်းအကြပ်ဖိအားပေးအလုပ်ခိုင်းစေခံရတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးကူညီပေးနေတဲ့ 𝐌.𝐇.𝐀.𝐂 (မဟာမိတ်အဖွဲ့)ထံမှ သိရပါတယ်။
 
လစာ ၁ လစာ အပြည့်မပေးတဲ့အပြင် အချိန်ပိုလုပ်အားခ ၁လခွဲ စာကိုပါ ထုတ်မပေးဘဲ ​မြန်မာအလုပ်သမား(၁၂၀)ဦး အပေါ် အတင်းအကျပ်ဖိအားပေးကာ အလုပ်ခိုင်းနေတယ်လို့ဆိုပါတယ်။
 
"ကျွန်တော်တို့ကို ၇လပိုင်းအတွက်လစာကို ၃ထောင်ပဲပေးတယ် OTကြေးတစ်လခွဲစာထုတ်မပေးပဲ ဆက်ပြီးခိုင်းနေတာ ထုတ်ပေးဖို့ပြောတော့လည်း မရဘူး တိုင်ချင်တဲ့နေရာတိုင်ဆိုတဲ့ပုံစံမျိုး ''လို့ နစ်နာသူ အလုပ်သမားတစ်ဦးကပြောပါတယ်။
 
အခုလို အခက်ခဲတွေ ဖြစ်ပေါ်နေတဲ့ အတွက် ဩဂုတ်လ ၅ရက်နေ့မှာ အလုပ်သမားတွေက 𝐌.𝐇.𝐀.𝐂 (မဟာမိတ်အဖွဲ့)ထံသို့ အကူညီတောင်းခံလာတယ်လို့ သိရပါတယ်။
 
အလုပ်သမားတွေရဲ့ အကူညီတောင်းခံလာမှု အပေါ် 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)၊ 𝐍𝐔𝐆(အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုး ဦးနိုင်ထွန်းဦး)နှင့်အတူနစ်နာသူ အလုပ်သမားတွေ က သက်ဆိုင်ရာ အလုပ်သမားကာကွယ်စောက့်ရှောက်ရေးရုံး သို့ သွားရောက် တိုင်ကြားပေးခဲ့တယ်လို့သိရပါတယ်။
 
အခုလို တိုင်ကြားလိုက်တဲ့ အတွက် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာ ဖြေရှင်းပေးမှုလို့ ကျန်ရှိတဲ့ လုပ်ခလစာတွေ ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
ကမ္ဘောဒီးယားက ကျားဖြန့်အလုပ်ရုံများသို့ မြန်မာလုပ်သားများ လိမ်လည်ရောင်းစားခံရပြီဒုက္ခရောက်နေ
Dec 25, 2025
Cover
အလုပ်ထုတ်ခံရသည့် ထိုင်းက မြန်မာလုပ်သား ၂၄ဦး ကို ညှိနှိုင်းမှုအရ အလုပ်ရှာစဉ်ကာလ၌ လုပ်အားခရမည်
Dec 25, 2025
Cover
ပြည်ပခွင့်ပြန်လုပ်သားများ ရန်ကုန်လေဆိပ်ရောက်ပါက မပျက်မကွက် သတင်းပို့ရမည်ဟုဆို
Dec 25, 2025
Cover
လျှပ်စစ်ပစ္စည်း ထုတ်စက်ရုံမှ မြန်မာလုပ်သား ၄၃ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရ
Dec 24, 2025
Cover
ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ အလုပ်ရှာဖို့ နယ်စပ်ဖြတ်လာကြတဲ့ မြန်မာ၂၇ဦး အဖမ်းခံရ
Dec 24, 2025
Cover
အကူညီတောင်းခံမှုများအတွက် အခကြေးငွေပေးစရာမလိုကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အသိပေး
Dec 24, 2025
Cover
ထိုင်းမှာ ရက် ၂၀ အတွင်း မြန်မာလုပ်သား ၄၉၀၀ ကျော် အဖမ်းခံရ
Dec 23, 2025
Cover
မလေးရှားမှ ဖမ်းခံရသော မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို နေရပ်ပြန်ပို့ခံရ
Dec 22, 2025