NEWS

လုပ်ကိုင်ခွင့်မပြုထားသည့် လုပ်ငန်းများတွင် နိုင်ငံခြားသားများ လုပ်ကိုင်မှုရှိမရှိ တစ်နိုင်ငံလုံး အနှံ့ စစ်ဆေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနအသိပေး

CoverLogo
288 Views
 
ထိုင်းနိုင်ငံ အတွင်း နိုင်ငံခြားသား လုပ်သားတွေကို လုပ်ခွင့်မပြုထားတဲ့ လုပ်ငန်းတွေ မှာ နိုင်ငံခြားသားတွေ လုပ်ကိုင်မှုရှိ မရှိ ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆေးသွားမယ်လို့ အလုပ်အကိုင်ရှာဖွေရေးဌာန (DOE) ညွှန်ကြားရေးမှူးချုပ် မစ္စတာဖိချက် ထောင်ဖန်က အသိပေးပြောကြားလိုက်ပါတယ်။
 
နိုင်ငံခြားသား လုပ်သားတွေဟာ ကားငှားရမ်းတဲ့လုပ်ငန်း၊ ဈေးဆိုင်များ၊ ခရီးသွားလမ်းညွှန်လုပ်ငန်းနဲ့ အဓိက ခရီးသွားဒေသနဲ့ စီးပွါးရေးဇုန်တွေမှာရှိတဲ့ လုပ်ငန်းတွေ၊ဆံသဆိုင်တွေအပါအဝင် နေရာအမျိုးမျိုးမှာ ထိုင်းနိုင်ငံသားများ နဲ့ တရားမဝင် ယှဉ်ပြိုင် လုပ်ကိုင်တာကြောင့် ဒေသခံ စီးပွားရေး လုပ်ငန်းများ ထိခိုက်စေတယ်လို့ သတင်းထွက်ပေါ်တဲ့အပေါ် အခုလို စစ်ဆေးဖို့ ထုတ်ဖေါ်ပြောတာဖြစ်ကြောင်းသိရပါတယ်။
 
အလုပ်သမားဝန်ကြီးဌာန အနေနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ဘန်ကောက်၊ ဖူးခက်၊ ချင်းမိုင်၊ ကော့စမွေ၊ ပတ္တရား အပါအဝင် နိုင်ငံတစ်ဝန်းလုံး ရှိ လုပ်ငန်းခွင်တွေ ကို တင်းကျပ်စွာ စစ်ဆေးသွားမယ်လို့ သိရပါတယ်။
 
အလုပ်လုပ်ခွင့် ပါမစ်မရှိဘဲ သို့မဟုတ် လုပ်ပိုင်ခွင့်ကျော်လွန် လုပ်ကိုင်ပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ နဲ့ ဇာတိနိုင်ငံသို့ ပြန်ပို့ခံရမှာဖြစ်ပြီး ၂ နှစ် ကြာ အလုပ်လုပ်ကိုင်ခွင့်ပါမစ် လျှောက်ထားခွင့် ပိတ်ပင်ခံရမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
 
အလုပ်ရှင်တွေ အနေနဲ့ လည်း ပါမစ်မရှိသူကို ငှားရမ်းပါက သို့မဟုတ် လုပ်ပိုင်ခွင့်ကျော်လွန်ခွင့်ပြုပါက ငှါးရမ်းထားတဲ့ နိုင်ငံခြားသားလုပ်သားတစ်ဦးလျှင် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ငွေ ချမှတ်ခံရမှာဖြစ်သလို ထပ်မံကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ်အထိ သို့မဟုတ် ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ဒဏ်ငွေ ချမှတ်ခံရပြီး ၃ နှစ် ကြာ နိုင်ငံခြားသားအလုပ်သမား ငှားရမ်းခွင့် ပိတ်ပင်ခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား လုပ်သားတွေကို တွေ့ရှိပါက ပြည်နယ်တိုင်းရှိ မည်သည့်ပြည်နယ် အလုပ်အကိုင်ရုံးကိုမဆိုတိုင်ကြားနိုင် တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026