NEWS

လိုင်းပေါ်က Live လွှင့်ပြီး အလုပ်ရှာပေးမည်ဆိုသည့် ပွဲစား ကိုယုံမိသဖြင့် မြန်မာလုပ်သား ၁၂ ဦး စမတ်ကြေးများ အလိမ်ခံရ

CoverLogo
234 Views
 
ထိုင်းနိုင်ငံ ချွန်ဘော်ရီခရိုင် တွင် အွန်လိုင်းကနေ Live လွှင့် ပြီး အလုပ်ရှာပေးမယ် လို့ ပြောတဲ့ ပွဲစား ကို ယုံကြည် ပြီး စမတ်ကြေး တွေ ပေးသွင်းခဲ့ရာ မှ မြန်မာအလုပ်သမား ၁၂ဦး အလိမ်ခံလိုက်ရတယ်လို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ UFF အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
 
ဖြစ်စဉ်မှာ မြန်မာအလုပ်သမား၁၂ဦး ဟာ ကားအပိုပစ္စည်းရုံတွင် အလုပ်လုပ်ရမယ် လို့ လိုင်းပေါ် တွင်ပွဲစားက Live လွှင့် ပြောထားတာတွေ့တဲ့ အတွက် ၎င်းပွဲစားကို ချိတ်ဆက် ပြီး အလုပ်သွင်းပေး ဖို့ ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၈ ရက် တွင် စမတ်ခ တစ်ဦး ကို ဘတ်၇၅၀၀ စီပေးသွင်းခဲ့ရာ ဖေဖေါ်ဝါရီ ၂ ရက် တွင် အလုပ်ဆင်းရမယ်လို့ပွဲစားက ပြောခဲ့တယ်လို့ သိရပါတယ်။
 
ဒါကြောင့် မြန်မာအလုပ်သမား ၁၂ဦးဟာ ၎င်းပြောကြားတဲ့ ဖေဖေါ်ဝါရီ၂ရက် မှာ စက်ရုံ သို့ သွားခဲ့ပေမယ့် ဖေဖေါ်ဝါရီ ၅ရက် မှသာ အလုပ်ဆင်းရမယ်လို့ ပြန်လည် ချိန်းဆိုခဲ့ ပြီး တဖန် ဖေဖေါ်ဝါရီ ၉ရက် မှသာ အလုပ်ဆင်းရမယ်လို့ ထပ်မံချိန်းဆိုခဲ့တယ်လို့ အလုပ်သမားတွေထံမှသိရပါတယ်။
 
၎င်းချိန်းဆိုတဲ့ ဖေဖေါ်ဝါရီ ၉ရက် ရောက်ရှိ ချိန် တွင် မြန်မာအလုပ်သမားတွေမှ အလုပ်သွားရန် ဖယ်ရီကားစောင့်ပေမယ့် ကားမှ လာမကြိုတဲ့ အတွက် ပွဲစား ကို ဖုန်းဆက်ရာ ဖုန်းမကိုင်တော့ ဘဲ အဆက်သွယ် ဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် စမတ်ကြေးတွေ ပေးသွင်းရပြီး အလုပ်မရရှိတဲ့ အတွက် မြန်မာအလုပ်သမား၁၂ဦးဟာ UFF အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံဖေဖေါ်ဝါရီ ၁၃ရက်မှာ လာရောက် အကူညီတောင်းခံလာသဖြင့် UFF အနေဖြင့် ပလိပ်ရုံး တွင် အမှုဖွင့် တိုင်ကြားပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
 
ထိုင်းနိုင်ငံ အတွင်း အလုပ်ရှာဖွေနေတဲ့ မြန်မာအလုပ်သမား တွေကို မြန်မာပွဲစား တွေက အလုပ်ရှာပေးမယ်ဆိုကာ စမတ်ကြေးတွေ လိမ်ယူတာ တွေ မကြာခဏ ဖြစ်နေပြီး မကြာခင်ကလည်း ချွှန်ဘူလီခရိုင် အတွင်းမှာ မြန်မာပွဲစားက အီလက်ထရောနစ် စက်ရုံမှာ အလုပ်သွင်းပေးမယ်ဆိုပြီး မြန်မာလုပ်သား ၆၃ဦး ထံမှ စမတ်ကြေး ဘတ်၅သိန်းကျော် လိမ်ယူသွားမှု ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026