NEWS

လာအို PF ဖိနပ်စက်ရုံ နှစ်ပြည့်ပိတ်ရက် မပေးဘဲ ခိုင်းစေ၊ နိုင်ငံကူးလက်မှတ်များအား သိမ်းဆည်း

CoverLogo
788 Views
ညီမလဲ လာအိုကပါ ။ လာအိုက အကူအညီတောင်းစာတွေ တွေ့ရလို့ ညီမတို့လည်း အကူအညီတောင်းပါတယ်။
ညီမတို့က PF ဖိနပ်စက်ရုံ ကပါ။
 
ညီမတို့က မြန်မာနိုင်ငံက အားထန် Company ကနေ လာအိုကို လာခဲ့တာပါ ။ မြန်မာပြည်မှာ ကုမ္ပဏီနဲ့ ညီမတို့ စာချုပ် ချုပ်တော့ အလုပ်ချိန်မပါပါဘူး။ ဒါမယ့် အလုပ်ချိန် ၁၁နာရီ လုပ်ရမယ်လို့ ပြောပါတယ် ဒီ အလုပ်ချိန်က သာမန် အလုပ်ချိန် ၈နာရီ နဲ့ အချိန်ပို ၃နာရီ စုစုပေါင်း ၁၁နာရီလို့ပြောထားတာပါ။
 
ညီမတို့ ပထမအကြိမ် စံချိန်ကိစ္စနဲ့ တောင်းဆို ဆန္ဒပြခဲ့ ဖူးကြပါတယ်။ အားထန်က လာညှိပေးပါတယ်။ အဆင်ပြေသလိုလိုနဲ့ ညီမတို့ တောင်းဆိုတဲ့အထိ မရပါဘူး။ ညီမတို့ သည်းခံနေလာတာဆို ၁နှစ်ရှိပါပြီ။ အလုပ်ရှင်နဲ့ အလုပ်သမားကြား စာချုပ်မှာ တနှစ်ပြည့်တဲ့သူက ခွင့်ရက် ၁၅ ရက်လို့ သူတို့ပြောခဲ့ပါတယ်။
 
ခု ညီမတို့လို နှစ် ပြည့်တဲ့သူတွေမှာ ပထမအသုတ်နဲ့ ဒုတိယအသုတ်ရှိပါတယ်။ အဲ့ အလုပ်သမားတွေ အားလုံး တယောက်မှ မနားရပါဘူး။ အစက စကားပြန် ၂ယောက်က CEO ကိုပြောပေးတော့ အလုပ်ထဲမှာ အရမ်းအသုံးမလိုတဲ့အလုပ်သမားတွေ နားလို့ရပါတယ်တဲ့။ မနားတဲ့ အလုပ်သမားဆို တရက်ဒေါ်လာ ၈ဒေါ်လာနှူန်းနဲ့ ၁၀ရက်စာ ဒေါ်လာ ၈၀ ကို လာအိုငွေ ပေါက်စျေးနဲ့ တွက်ပြီး ပေးမယ်ပြောပါတယ်။
 
ခု ညီမတို့ ပိုက်ဆံမရတော့ စက်ရုံဘက်ကို ထပ်ပြောပါတယ်။ ပြောလိုက်တော့ ပိုက်ဆံပေးဖို့လည်း မရေမရာ၊ နားရက်ယူမယ်ဆိုတော့လည်း တနှစ်နဲ့၆လ ပြည့်တဲ့အခါမှ နားရပါမယ်တဲ့ ။
 
သူတို့ပြောခဲ့တုန်းက ၁၅ရက်ကိုလည်း အခု ၁၀ရက်ပဲ ပြောနေပါတယ်။ ညီမတို့ အရမ်းပင်ပန်းပါတယ် ။ နေစား ငြိမ်းလို့ ပြောတာ တခါတလေ ထမင်းအသိုးတွေ ကျွေးတာပါ။ ဟင်းဆိုဘယ်လိုမှ စားမရပါဘူး ။ တနင်္ဂနွေ ပိတ်ရက်ဆို နေ့လည်စာ တနှပ်ပဲကျွေးပါတယိ။ ကျွေးတဲ့ဟင်းက ဘဲတောင်ပံ ပါ။
 
ညီမတို့မှာ ဖူလုံရေးကတ် လုပ်သာထားရတယ်၊ နေမကောင်းရင် ဘယ်ဆေးရုံ ဘယ်ဆေးခန်းမသိပါဘူး။ မြို့နဲ့ဝေးတော့ တနာရီကြာသွားရတဲ့ စျေးနားက ဆေးခန်းမှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကုရပါတယ် ။ သူတိူ့ကိုပြောလို့ ကားကြုံရင် ကားနဲ့လိုက်သွားလို့ ရပါတယ်။ ပြန်လာချင်ရင် ကားကြုံရှိရင် ဝင်ကြိုပါတယ်။ မရှိရင် မကြိုပါဘုး။ ကိုယ့်ပိုက်ဆံနဲ့ပဲ သွားလာရတာပါ။
 
လစာဒေါ်လာ ၂၅၀ လို့ ပြောတာပါ၊ အခွန်ဆောင် ရတာ ၆ဒေါ်လာ ၊ ဘဏ်က တစ်လတစ်ခါ ၁ဒေါ်လာ ဖြတ်ပါတယ်။ ဖူလုံရေးကြေးက ၄ဒေါ်လာပေးရပါတယ်။
 
စစ်ဆေးရေးအဖွဲ့တွေ လာရင် ညီမတို့ အလုပ်သမားတွေက အကုန် လိမ်ဖြေပေးရပါတယ်။ အလုပ်ချိန် ၈နာရီနဲ့ အချိန်ပိုပါ ဒေါ်လာနဲ့ ရတာဆိုပြီး၊ အလုပ်မရှိလို့ ပြန်လွှတ်ချိန်ပြီဆို အဲ့ဒီအတွက် အချိန်ပို အစားဆင်းပေးရပါတယ်။ ပြန်ချင်တဲ့သူဆို ဒေါ်လာ ၄၅၀ လျှော်ပေးရပါတယ်။
 
ညီမတို့ စက်ရုံက တခြားစက်ရုံတွေထက် အလုပ်ချိန် ပိုများပါတယ် ။ အခွင့်အရေးလည်း နည်းပါတယ်။ မဖြစ်နိုင်တဲ့ စံချိန်တွေလည်း တောင်းပါတယ်။
 
ညီမတို့က တရားမျှတမှုပဲ လိုချင်တာပါ။ အခြားစက်ရုံတွေလိုပဲ ညီမတို့ PF စက်ရုံက နိုင်ငံကူးလက်မှတ်တွေ သိမ်းထားပါ။ ပြောမယ်ဆိုရင် အများကြီးပါ။ အခုက ညီမတို့ အလုပ်သမားတွေ ဘယ်လိုမှ သည်းမခံနိုင်ကြတော့လို့ ပါ။
 
Myanmar Labour News ကို ကျေးဇူးတင်ပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026