NEWS

လာအိုနိုင်ငံသို့ အထည်ချုပ်အလုပ်နဲ့ သွားရောက်လုပ်ကိုင်သူများလာ

CoverLogo
912 Views

ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းလုပ်သားအဖြစ် ထွက်ခွာလုပ်ကိုင်ရာမှာ ယခင်က လူစိတ်ဝင်စားမှုနည်းပါးခဲ့တဲ့ လာအိုနိုင်ငံသို့ အထည်ချုပ်လုပ်ငန်းဖြင့် တရားဝင်လုပ်သား သွားရောက်လုပ်ကိုင်သူ များပြားလာတယ်လို့ သိရပါတယ်။ 

"ခုကလာအိုကိုစိတ်၀င်စားတာတော့များလာပြီ။ သူများတွေပို့နေကြတယ်။ ကျွန်တော်တော့မပို့ဘူး။ သူကဆင်းရဲတဲ့နိုင်ငံစာရင်း၀င်နေပါသေးတယ်။ ခေါ်တာကတော့ ဟိုဘက်ကပေးခေါ်တာပါပဲ။ ဒါပေမဲ့ဒီဘက်မှာလည်းယူကြတယ်။ zero cost ရယ်လို့ တော့မရှိသေးဘူး။ ဖွံ့ဖြိုးစနိုင်ငံတွေမှာမရှိဘူး။ အများစုကစက်ချုပ်ပဲ။ တစ်နေ့၁၂နာရီ လစာတစ်လ ဒေါ်လာ၂၀၀ ပဲပို့တဲ့သူတွေပို့နေကြပါတယ်။ စက်မချုပ်တတ်ရင်လာအိုသွားလို့မရဘူး။  အိမ်အကူဆိုရင်  စင်္ကာပူအကောင်းဆုံးပါပဲ"လို့ ပြည်ပသို့အလုပ်သမားစေလွှတ်နေတဲ့ လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ 

လာအိုနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံစာရင်း၀င်ပြီး  လုပ်ခလစာအလွန်နည်းပါးတဲ့အတွက် ပြည်တွင်းကအလုပ်သမားတွေသွားရောက်လုပ်ကိုင်ဖို့  လူစိတ်ဝင်စားမှုနည်းပါးခဲ့တာဖြစ်ပြီး  ယခုအခါ စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည်မငြိမ်သက်ခြင်းနဲ့အတူ အလုပ်အကိုင်တွေရှားပါလာခြင်း၊  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာခြင်းနဲ့   တိုးမြင့်လာခြင်းမရှိတဲ့ လုပ်ခလစာရရှိမှုနဲ့ စား၀တ်နေရေးမလုံလောက်တာတွေကြောင့် ပြည်တွင်းမှာလုပ်ကိုင်ရခြင်းထက် ပြည်ပနိုင်ငံသို့ထွက်ခွာလုပ်ကိုင်မှုတွေပိုမိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ 

"ခုက အထည်ချုပ်လုပ်သားတွေကို အဓိကခေါ်တာပဲ။ လာအိုနိုင်ငံကို အထည်ချုပ်အလုပ်နဲ့ သွားကြတာအရင်ကတည်းကပဲ။ စက်မချုပ်တတ်ရင်လာအိုမသွားနဲ့ပဲ  အရင်ကတော့ ဒီက တရုတ်ကုမ္ပဏီတွေက လာအိုမှာ စက်ရုံအသစ်လုပ်ရင် နီးစပ်ရာကနေတို့ ရောက်နေတဲ့အလုပ်သမားရဲ့ ဆက်စပ်သူတွေတို့အဲလိုချိတ်ဆက်ခေါ်သွားကြတာ၊ အခုကေတာ့ Demand letterတွေရှိတော့ တရားဝင်စေလွှတ်နေကြတာပါ" လို့ ၎င်းကဆိုပါတယ်။
 
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဖြစ်တဲ့လာအိုနိုင်ငံသို့ သွားရောက်လုပ်ကိုင်တာတွေဟာ  ယခုနှစ်ပိုင်းမှစတင်ကာ အေဂျင်စီများမှတစ်ဆင့် တရားဝင်လုပ်သားစေလွှတ်မှုရှိလာသလို ပုံစံအမျိုးမျိုးနဲ့သွားရောက်လုပ်ကိုင်တာတွေလည်းများပြားလာကာ  သွားရောက်လုပ်ကိုင်ရတဲ့ လုပ်ငန်းအမျိုးအစားတွေဟာ  စားသောက်ဆိုင်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဂိမ်းဆိုင် လုပ်ငန်းများအတွက် လုပ်သားများ ခေါ်ယူနေပြီး စက်ချုပ်လုပ်ငန်းအတွက်ခေါ်ယူမှုအများဆုံးဖြစ်ကာ  အခြေခံလစာဒေါ်လာ၂၀၀ ဖြစ်ကာ  မြန်မာငွေ၈သိန်းမှ ဆယ်သိန်းအထိသာရရှိတယ်လို့လည်း  သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026