NEWS

လာအိုနိုင်ငံရှိ မြန်မာသံရုံးက မြန်မာလုပ်သားတွေ အခွင့်အရေး ချိုးဖောက်ခံရမှုကို ဖြေရှင်းပေးတာမရှိဘဲ ဘဏ်ကနေလစာငွေ လွှဲပြောင်းရေးသာ ပြောဆို

CoverLogo
898 Views

လာအိုနိုင်ငံရှိ မြန်မာသံရုံးက BEST GARMENT LAOS CO.LTD စက်ရုံက မြန်မာလုပ်သားတွေ အခွင့်အရေး ချိုးဖောက်ခံရတဲ့ဖြစ်စဉ်ကို ကူညီဖြေရှင်းပေးတာမရှိဘဲ အလုပ်သမားတွေရဲ့ လုပ်ခလစာကို ဘဏ်ကတစ်ဆင့် လစာငွေ လွှဲပြောင်းရေးသာ ပြောဆိုနေခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကိုတော့ လာအိုဗီရန်ဂျင်း၊ ၃ကန်နယ်မြေမှာ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ စက်ရုံကို လုပ်သားအင်အား (၄၀၀) ကျော်နဲ့ လည်ပတ်နေတာဖြစ်ပြီး TCHIBO CERTIFIED MERCHANDISE စတဲ့ တံဆိပ်တို့ကို ချုပ်လုပ်နေတာ ဖြစ်ပါတယ်။

“စက်ရုံမှာ ချိုးဖောက်ခံရတာတွေကို အွန်လိုင်းတင်လိုက်တော့ အောက်တိုဘာလ (၂၂) ရက်မှာ  မြန်မာသံရုံးက ဦးမင်းမောင်အပါ (၁၀)ဦးက လုပ်ငန်းခွင်ထဲ ရောက်လာပါတယ်။ လစာဘယ်လောက်ရလဲမေးတာကို အလုပ် သမားတွေက မဖြေရဘဲ စူပါနဲ့စက်ရုံ ရုံးပိုင်းက ဖြေပါတယ်။ သံရုံးက အလုပ်သမားတွေကို ရတဲ့လစာရဲ့ (၂၅) ရာခိုင်နှုန်းကို အခွန်ဆောင်ရမှာဖြစ်လို့ ဘဏ်ကနေတစ်ဆင့် လွှဲပေးပါပြောပြီး ပြန်သွားတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။

အဆိုပါ စက်ရုံမှာ လုပ်ခလစာပေးချေရာမှာ ပုံစံတစ်မျိုးတည်း သတ်မှတ်တာမဟုတ်ဘဲ ငွေဈေးကိုလိုက်ကာ ပြောင်းလဲ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို အွန်လိုင်းမှာ တင်ထားခဲ့ပေမယ့် မြန်မာသံရုံး ဘက်က မေးမြန်းဖြေရှင်းမှု မရှိတာ ဖြစ်ပါတယ်။

“လစာပေးတာက ပုံမှန်မရှိဘူး။ ဒေါ်လာဈေးကျရင် ဒေါ်လာနဲ့ရှင်းတယ်။ ဒေါ်လာဈေးတက်ရက် လာအိုငွေနဲ့ ရှင်းတယ်။ အလုပ်ရှင်က လစာကို ဘယ်လိုပေးမယ် ပုံသေမသတ်မှတ်ဘူး။ လစာထုတ်ခါနီးရင် ဈေးကျတဲ့ငွေနဲ့ တွက်ပေးတယ်။ အခုဆို လစာကတစ်လကို မြန်မာငွေ (၇) သိန်းကျော်ပဲ ရတယ်။ နောက်ပြီး အလုပ်ရှင်က ခေါင်းပုံဖြတ်တာတွေ လုပ်တယ်။ အချိန်ပိုအိုတီတွေလည်း အလကားဆင်းခိုင်းတယ်”လို့ စက်ရုံအလုပ်သမား တွေဆီက သိရပါတယ်။

အလုပ်သမားတွေအနေနဲ့ မြန်မာသံရုံးက ကူညီဖြေရှင်းပေးမယ်လို့ မျှော်လင့်နေတာဖြစ်ပြီး လက်တွေ့မှာတော့ ကူညီဖြေရှင်းပေးမှု မရှိဘဲ စစ်ကောင်စီက နိုင်ငံခြားငွေရရှိရေးကိုသာ ဖိအားပေးပြောဆိုသွားတာ ဖြစ်ပါတယ်။

“ကျွန်မတို့ဘယ်လိုမှ အခွန်ဆောင်ဖို့ အဆင်မပြေပါဘူး။ လုပ်အားခတွေ ဆုံးရှုံးတာကျ မဖြေရှင်းပေးဘဲနဲ့ အခွန်ဆောင်ဖို့ချည်း ပြောနေတာက ဘယ်လိုမှ အဆင်မပြေပါဘူး။ ကျွန်မတို့ လုပ်အားခတွေကို မှန်မှန်ကန်ကန် ရရှိဖို့ပဲ လိုချင်ပါတယ်”လို့ သူတို့က ပြောပါတယ်။

လက်ရှိမှာ BEST GARMENT LAOS CO.LTD စက်ရုံက မြန်မာလုပ်သားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီတောင်းခံထားတာ ဖြစ်ပါတယ်။ ပြည်တွင်းက အလုပ်သမားတွေအနေနဲ့ စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်ပထွက်ခွာ အလုပ်လုပ်နှုန်း မြင့်တက်လာသလို အခွင့်အရေး ချိုးဖောက်ခံရတာတွေကိုလည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။


Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026