NEWS

လာမယ့် ၁၀ ရက်အတွင်း ဧရာဝတီမြစ်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ မြစ် များအလိုက်  မြစ်ရေ ၁ ပေမှ ၁၃ ပေအထိ မြင့်လာမည်ဟုမိုးဇလ ထုတ်ပြန်

CoverLogo
516 Views

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန  မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ပထမ ၁၀ရက်ပတ်အတွက် မြစ်ရေအခြေအနေ ခန့်မှန်းချက် ထုတ်ပြန်ရာ မှာ ဧရာဝတီမြစ်အပါအဝင် မြန်မာ နိုင်ငံ အတွင်းရှိ မြစ်များအလိုက်   မြစ်ရေ ဟာ လက်ရှိ ရှိနေတဲ့ ရေအမှတ်ထက် ၁ပေ မှ ၁၃ပေအထိ မြင့်လာနိုင်တယ်လို့ ဇူလိုင် ၁ရက် နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 

မိုးဇလ ရဲ့ ထုတ်ပြန် ချက် တွင် ဧရာဝတီမြစ်ရေ ဟာ မြစ်ကြီးနားမြို့၊ဗန်းမော် မြို့၊ရွှေကူမြို့၊ကသာမြို့ သပိတ်ကျင်း မြို့ မန္တလေးမြို့စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ ၆ပေမှ ၁၀ပေခန့်၊ ပခုက္ကူမြို့၊ညောင်ဦးမြို့ ချောက်မြို့၊မင်းဘူးမြို့၊မကွေးမြို့၊အောင်လံမြို့နဲ့ ပြည်မြို့တို့မှာ ၁၀ပေမှ ၁၂ပေခန့်နဲ့ ဆိတ်သာမြို့၊ဟင်္သာတမြို့ နဲ့ ဇလွန် မြို့တို့မှာ ၄ပေမှ ၅ပေခန့်
လက်ရှိ ရေအမှတ်ထက်မြင့်လာနိုင်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ချင်းတွင်းမြစ်ရေ ဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ဖောင်းပြင်မြို့ မော်လိုက်မြို့ ၊ကလေးဝမြို့ ၊မင်းကင်းမြို့၊ကနီမြို့နဲ့ မုံရွာမြို့မှာ ၈ပေမှ ၁၃ပေအထိ လက်ရှိ ရေအမှတ်ထက် မြင့်လာနိုင်တယ်လို့ ဆိုပါတယ်။ 

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ.
၅ပေခွဲခန့်၊ ဒုဌဝတီမြစ်ရေဟာသီပေါမြို့နဲ့ ရွှေစာရံ တို့မှာ ၁ပေမှ ၃ပေခန့်၊ မြစ်ငယ်မြို့မှာ ၈ပေခန့် ၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့မဒေါက်မြို့တို့မှာ ၂ပေမှ ၃ပေခန့် ရွှေကျင်မြစ်ရေ ဟာ ရွှေကျင်မြို့မှာ ၂ပေခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ပဲခူး မြို့တို့မှာ ၂ပေမှ ၃ပေခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့ မှာ ၂ပေခန့် ၊သောင်းရင်းမြစ်ရေဟာ မြဝတီ မြို့ မှာ ၂ပေခွဲခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊သာပေါင်းမြို့နဲ့ပုသိမ်မြို့တို့မှာ ၁ပေမှ ၃ပေခန့် ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၂ပေခန့် နဲ့ဘီးလင်းမြစ်ရေဟာ ဘီလင်းမြို့မှာ ၃ပေခွဲခန့် အထိ လက်ရှိ ရေအမှတ်ထက် မြင့်တတ်လာနိုင်တယ်လို့ မြစ်ကမ်းအနီး​နေထိုင်သူ​တွေ သတိထားဖို့  မိုးဇလ က ထုတ်ပြန်ထားပါတယ်။ 

 


Related posts

Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
နိုဝင်ဘာ တတိယ ၁၀ ရက် ပတ်အတွင်း လာနီညာ ဖြစ်ပေါ် နိုင်ဟု မိုးဇလအသိပေး
Nov 21, 2025
Cover
တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” အရှိန်ကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မိုးထစ်ချုန်းရွာမည်ဟုဆို
Nov 06, 2025
Cover
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ မိုးကြီးမည်
Nov 04, 2025
Cover
အပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးထစ်ချုန်း ရွာမည်။
Oct 20, 2025
Cover
အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ဟုမိုး/ဇလထုတ်ပြန်
Sep 29, 2025
Cover
အပူပိုင်းမုန်တိုင်း "ဘူအလွိုင်" ကြောင့် တိုင်းနှင့်ပြည်နယ်များတွင် အောက်တိုဘာ ၂ရက် အထိ မိုးကြီးနိုင်
Sep 28, 2025