NEWS

လာမယ့်နှစ်မှာ ကျွမ်းကျင်လုပ်သားတွေကိုသာ ပြည်ပထွက်ခွင့်ပြုဖို့ စစ်ကောင်စီ စီစဉ်နေ

CoverLogo
754 Views

လာမယ့် ၂၀၂၅ ခုနှစ် အတွင်း မှာ ပြည်ပအလုပ်အကိုင် အတွက် ကျွမ်းကျင်လုပ်သား တွေကို သာ စေလွှတ်ခွင့်ပြု ဖို့ စစ်ကောင်စီ ဘက်က လုပ်ဆောင်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ အသိုင်းဝိုင်းမှ သိရပါတယ်။

အခုလို ကျွမ်းကျင် လုပ်သားတွေ ကိုသာ စေလွှတ်ခွင့်ပြုဖို့ကို စစ်ကောင်စီဘက်က ညွှန်ကြားထားပြီး  လုပ်ငန်းစီမံ နိုင်ရန် အတွက် အလုပ်သမားဝန်ကြီးဌာနဘက်မှ အချိန်အနည်းငယ်တောင်းထားတယ်လို့ သိရပါတယ်။

"ပြီးခဲ့တဲ့ ၂လ လောက်ကတည်းက အထက်က ညွှန်ကြားလာတာ  အလုပ်သမားဝန်ကြီး က ဒီဘက်မှာ လုပ်ငန်း ကိစ္စ တွေ ရှိတော့  ၆လ လောက် အချိန်  တောင်းထားတယ် ကြားတယ် ကျွမ်းကျင်လုပ်သားပဲ စေလွှတ် ခွင့်ပြုဖို့ အစီစဉ်က ရှိတယ်ဘယ်တော့ စမယ်တော့ မသိသေးဘူး""လို့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ် သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ပြည်ပကို သွားရောက် အလုပ်လုပ်တာမှာ အထွေထွေ လုပ်သား အဖြစ် အလုပ်ခေါ်ယူတာ များသလို သွားရောက်သူ လည်း များတဲ့ အတွက် ကျွမ်းကျင် လုပ်သားကိုသာ ကန့်သတ် စေလွှတ်ခွင့်ပြုပါက ပြည်ပကို သွားရောက်အလုပ် လုပ်ခွင့် ပိုမိုတားဆီးမှုတွေ ဖြစ်လာမယ်လို့ ပြည်ပအလုပ်ကိုင် အေဂျင်စီ တွေ ထံ က သိရပါတယ်။

"ကျွမ်းကျင် လုပ်သား ပဲ စေလွှတ်ခွင့် ပြုတော့ မယ်ဆိုတာ ကို ကြားတယ် ဘယ်တော့ စမယ်ဆိုတာကို မသိသေးဘူး တကယ်လို့သာ ပြည်ပလုပ်သားစေလွှတ်မှု ကို အဲ့လို ထက်ပြီး ကန့်သတ် လိုက်မယ်ဆိုရင် လုပ်သားတွေ အပြင် အေဂျင်စီတွေလည်း အတော်လေး အထိနာမှာ ဂျပန်ဆိုရင် တော့ကျွမ်းကျင် လုပ်သားခေါ်တာ ရှိတယ် ထိုင်းတို့ တခြားနိုင်ငံတွေဆို ပို့လို့ မလွယ်တော့ဘူး အများစုက အထွေထွေလုပ်သားပဲခေါ်ကြတာလေ""လို့ လိုင်စင်ရအေဂျင်စီ တစ်ခုမှတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းပြကာ  ပြည်ပ ကို လုပ်သားစေလွှတ်တာမှာ အသက်၂၃ နှစ်မှ ၃၁နှစ်အထိ အမျိုးသား တွေ ကို သွားရောက်ခွင့် ကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။

""လူငယ်တွေ ပြည်ပ ထွက် တာ ကို နည်းအမျိုးမျိုး နဲ့ ပိတ်ပင် ကန့်သတ်နေတာ အသက်ကန့်သတ်တာတွေ အလည်နဲ့ ထွက်သူတွေကို တင်းကြပ်ပြီး လေယာဉ်ကွင်းက ပြန်လွတ်တာတွေ လုပ်နေတာ အခု ကျွမ်းကျင် လုပ်သားပဲ စေလွှတ်ခွင့်ပေးဖို့ လုပ်နေတယ်ဆိုတော့ လာမယ့် ၂၀၂၅ ခုနှစ်မှာ လူငယ်တွေပြည်ပ ထွက်ဖို့ အခုထက် ပိုပြီး ခက်ခဲလာမယ် အဲ့တော့ သူတို့ ထုတ်ပြန်ချက်မထွက်ခင် လုပ်စရာရှိတာ မြန်မြန်လုပ်နိုင်မှ ဖြစ်မှာ " လို့ ပြည်ပကိုသွားရောက်အလုပ်လုပ်ဖို့ ဆောင်ရွက်နေသူ တစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ ပြည်ပလုပ်သားစေလွှတ်မှုအနေနဲ့   အသက်ကန့်သက်တာတွေ ပြုလုပ်ထားသလို့ ပြည်ပရောက် မြန်မာအလုပ်သမားတွေ ဆီကလည်း အခွန်ကောက်ယူခြင်းတွေ မိသားစုထံလွှဲပို့ငွေ ကို ၎င်းတို့ အသိအမှတ် ပြုတဲ့ နေရာကသာလွှဲခိုင်းသလို လွှဲပို့ထားတဲ့ အထောက်အထား မပြနိုင်ပါက အလုပ်သမားကို အရေးယူမှု ပြုလုပ်သလို ပို့ဆောင်ပေးတဲ့ အေဂျင်စီ ကို လည်း ဒဏ်ကြေးငွေအပါအဝင် အခြားအရေးယူတာတွေပါ ပြုလုပ်နေလျှက်ရှိပါတယ်။

#MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026