NEWS

လာမည့် ၁၀ရက် အတွင်း မြစ်ရေများ လက်ရှိရေအမှတ်ထက် ၁ ပေမှ ၅ ပေအထိ မြင့်တက်မည်

CoverLogo
363 Views
 
လာမယ့် ၁၀ရက် အတွင်း ပြည်တွင်းရှိ မြစ်များမှ မြစ်ရေဟာ လက်ရှိရောက်နေတဲ့ ရေအမှတ်ထက် ၁ပေမှ ၅ပေအထိ မြင့်တက်လာမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဩဂုတ်လ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။
 
ဩဂုတ်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့်ဇလဗေဒခန့်မှန်းချက်ထုတ်ပြန်တာမှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပြီး အနောက်တောင် မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့ မှအားအသင့်အတင့်မှ အားကောင်း နိုင်တယ်လို့ ဆိုပါတယ်။
 
မြစ်ရေ အခြေနေ ကတော့ ဧရာ၀တီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နဲ့ ကသာမြို့တို့မှာ ၂ ပေခွဲမှ ၃ ပေခွဲခန့်၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ ပေဝက်မှ ၁ ပေခန့်နဲ့ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့မှာ ၁ ပေမှ ၂ ပေခွဲခန့် အထိ မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၂ ပေမှ ၅ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာ နိုင်သလိုမြစ်သာမြစ်ရေဟာ ကလေးမြို့တွင် ၃ ပေခန့်နဲ့ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၁ ပေမှ ၂ ပေခန့်၊အထိမြင့်တတ်မယ်လို့ သိရပါတယ်။
 
ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့တွင် ၃ ပေမှ ၄ ပေခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့တွင် ၁ ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့တွင် ၃ ပေခန့်၊ ငဝန် မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက်မှ ၁ ပေခွဲခန့်၊ တိုးမြစ်ရေ ဟာ မအူပင်မြို့တွင် ၁ ပေခန့်နှင့် ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့တွင် ၂ ပေခွဲခန့် လက်ရှိရေမှတ် များအထက် မြင့်တက်လာနိုင်တယ်လို့ဆိုပါတယ်။
 
စစ်တောင်းမြစ်ရေကတော့ တောင်ငူမြို့နှင့် မဒေါက်မြို့တို့မှာ ၁ ပေခွဲမှ ၂ ပေခန့်နှင့် ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့တွင် ၁ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာ နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအသိပေး ထုတ်ပြန်ထားပါတယ်။
 
ယခု မိုးတွင်း ကာလ မှာ မြစ်ရေများ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်တာတွေကြောင့် မြို့နယ် ရပ်ကွက် ကျေးရွာတွေ မှာ ရေကြီးရေလျှံမှု တွေ မကြာခဏ ဖြစ်ပေါ်ပြီး ဒေသအလိုက် ရေဘေးဒုက္ခ ကြုံတွေ့နေရပါတယ်။

Related posts

Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026