NEWS

လမ်းလျှောက်နေစဉ် ကားဖြင့် တိုက်ခံရပြီး ဆုံးပါးသွားသည့် မြန်မာလုပ်သား အတွက် နစ်နာကြေး ဘတ်၁သန်းရရှိ

CoverLogo
243 Views
 
ထိုင်းနိုင်ငံ ချာချင်ဆောင်တွင် လမ်းလျှောက်နေစဉ် အနောက်မှ ကားဖြင့် အတိုက်ခံရပြီး ဆုံးပါးသွားတဲ့ မြန်မာလုပ်သား တစ်ဦး အတွက် ကားအားမခံနဲ့ ပကန်စခွန်တို့မှ ထိုင်းဘတ်ငွေ ၁ သန်းရရှိခဲ့တယ်လို့ ၄အမှု ကို ကူညီပေးခဲ့တဲ့ MHAC မဟာမိတ်အဖွဲ့ ထံ မှသိရပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ ည၈နာရီကျော် အချိန်ခန့်မှာ မြန်မာလုပ်သား အမျိုးသားတစ်ဦးဟာ ၄ရဲ့ ချစ်သူမိန်းကလေးအလုပ်လုပ်နေ တဲ့ စက်ရုံမှ မိန်းကလေးအားကြိုပြီး အတူတူလမ်းလျှောက် ပြန်လာစဉ် လမ်းတစ်နေရာ အရောက် ထိုင်းနိုင်ငံသား မောင်းနှင်တဲ့ ကားမှာ အနောက်မှအရှိန်ဖြင့်ဝင်တိုက်ခဲ့ရာ မြန်မာလုပ်သား အမျိုးသားမှာ နေရာတွင်ပင် ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။
 
ဆုံးပါးသွားတဲ့ အမျိုးသားမှာ ချစ်သူအမျိုးသမီး နဲ့ လက်ထပ်နေနိုင်ရန် နခွန်ပထုန်မှ ချစ်သူအမျိုးသမီးရှိရာချာချင်ဆောင်သို့ ပြောင်းလာတာမှာ ၆ရက်သာရှိသေးပြီး ၆ရက်မြောက် နေ့မှာပင် ချာချင်ဆောင်ရှိ ချစ်သူအမျိုးသမီးရဲ့ အလုပ်မှကြိုပြီး အပြန်လမ်းတစ်နေရာ၌ ယခုကဲ့သို အဖြစ်ဆိုးနှင့်ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
 
သေဆုံးသူ မြန်မာလုပ်သား မှာ အသက်၃၆ နှစ်အရွယ် မောင်သော်သော်လင်း ဖြစ်ပြီး ၄င်းရဲ့ နစ်နာမှု အတွက် ကျန်ရစ်သူမိသားစုများ နှင့်မိတ်ဆွေတွေမှ MHACမဟာမိတ် အဖွဲ့ ထံ အကူညီတောင်းခံလာတာကြောင့် ဇန်နဝါရီလ ၂၄ရက်နေ့တွင် ရဲစခန်း၌ ကားသမားနဲ့ ကျန်ရစ်သူမိသားစုမှ တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး ကားအားမခံနှင့် ပကန်စခွန်တို့မှ ထိုင်းဘတ်ငွေ ၁ သန်းရရှိခဲ့ကြောင်း သိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026