NEWS

လစာမရှင်းပေးသဖြင်ဆန္ဒပြရာမှအလုပ်ထုတ်ခံခဲ့ရသည့်အလုပ်သမား၆၂ဦး ကိစ္စ ညှိနှိုင်းနေ

CoverLogo
384 Views
 
ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ စီလချာမြို့တွင်ရှိသော(ရေပူရေအေးခွက်စက်ရုံ)တွင်အလုပ်လုပ်နေသော မြန်မာ (MOU/ CIဘတ်သစ်) ကိုင်ဆောင်ထားသောအလုပ်သမား၆၂ဦးသည် အေဂျင်စီမှ လစာမရှင်းပေး သဖြင့်အလုပ်မဆင်းဘဲဆန္ဒပြရာမှအလုပ်ထုတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။
 
အဆိုပါအလုပ်သမားများ၏ စက်တင်ဘာလ လစာနှင့်အောက်တိုဘာလ လစာများမထုတ်ပေးသဖြင့် အလုပ်သမားများမှ တောင်းရာ အောက်တိုဘာ ၁၀ ရက်နေ့တွင်ပေးမည်ဟု စက်ရုံမှရက်ချိန်းခဲ့သော်လည်းမပေးခဲ့သည့်အတွက် အောက်တိုဘာ ၁၅ ရက်မှစကာ အလုပ်မဆင်းဘဲနေခဲ့ရာ အောက်တိုဘာ ၁၆ ရက်တွင် စက်ရုံသူဌေးမှအလုပ်ဖြုတ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။
 
"စက်ရုံသူဌေးကတရုတ်ဆိုတော့ သူဌေးကိုယ်တိုင်အမည်ခံပေးလို့မရဘူး။ငါးသန်း ကအမည်ခံပေးတာပေါ့။လစာကိုစက်ရုံကရှင်းပေးပေမဲ့ ငါးသန်းကမရှင်းတာပေါ့။စက်ရုံဘက်ကဖြုတ်ပေမဲ့ငါးသန်းကအလုပ်မဖြုတ်သေးလို့လျော်ကြေးတော့တောင်းလို့မရသေးဘူး။ညှိနှိုင်းရဦးမှာပေါ့။ဒါပေမဲ့ကျန့်မခေါက်ရသေးတဲ့လူတွေကျန့်ခေါက်တာပေါ့ဒီအပတ်တွင်းရအောင်ပြန်ဆယ်ပေးမယ်ပြောတယ်"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းကပြောပါတယ်။
 
အလုပ်သမားများမှအကူအညီတောင်းသဖြင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှဝင်ရောက်ဖြေရှင်းပြီးနောက် အေဂျင်စီဘက်မှ အလုပ်သမားများ၏စက်တင်ဘာလ လစာကိုရှင်းပေးခဲ့ပြီး ကျန်ရှိနေသော လုပ်အားခ (၁)လစာကို လုပ်အားခ ထုတ်ပေးသည့်ရက် မပြည့်သေးသောကြောင့် ထုတ်မပေးသေးကြောင်းသိရပါတယ်။
 
အဆိုပါအလုပ်သမားများသည် ထိုစက်ရုံမှာအလုပ်လုပ်နေသည်မှာ သုံးလမှခြောက်လအထိရှိကြပြီဖြစ်ပြီး ချွန်ပူလီဘောဝင်းတွင်ရှိသော ဘတ်ငါးသန်းပွဲစားကို စမတ်ကြေးဘတ် ၈၀၀၀ နှင့် ကျန့်ခေါက်ခ ဘတ် ၄၅၀၀ ပေးကာ စက်ရုံသို့အလုပ်ဝင်ထားခဲ့ကြခြင်းဖြစ်ပါတယ်။
 

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026