NEWS

ရွှေ့ပြောင်းအမျိုးသမီး အလုပ်သမား တွေကို မသင်္ကာမှုနဲ့ အဝတ်ချွတ်စစ်ဆေးဖို့ ပြုလုပ်လို့ အလုပ်သမားတွေတိုင်ကြား

CoverLogo
414 Views

ထိုင်းနိုင်ငံချာချင်ဆောင်မြို့မှာ ရှိတဲ့ သတ္တုရုံ မှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမား အမျိုးသမီး ၃ ဦးကို မသင်္ကာမှုနဲ့ စစ်ဆေးဖို့ အတွက်  အဝတ်အစားများချွတ်ခိုင်းတဲ့ တရုတ် သူဌေး ကိုမကျေနပ်တဲ့ အတွက် စက်ရုံရှိ မြန်မာအလုပ်သမားတွေက WAG အလုပ်သမားကူညီစောင့်ရှောက်ရေး အဖွဲ့ထံ အကူညီလာရောက်တောင်းခံတယ်လို့ သိရပါတယ်။

ယင်းစက်ရုံ မှာ MOU မြန်မာအလုပ်သမား အမျိုးသား ၄ ဦး အမျိုးသမီး ၂၆ ဦး စုစုပေါင်း ၃၀ ဦးရှိတယ်လို့ ဆိုပါတယ်။
၎င်း အလုပ်သမား ၃၀ ထဲ က အမျိုးသမီး ၃ ဦး ကို မင်္သကာ မှု ဖြင့် စစ်ဆေးရာ မှာ  အဝတ်အစားများချွတ်ခိုင်းတဲ့ အတွက် ယင်း အမျိုးသမီး ၃ဦး မှာ ယောက်ျားသားများရှေ့ တွင် မချွတ် နိုင်ကြောင်း ငြင်းဆိုရာ မှ တရုတ်သူဌေး က အဝတ်မချွတ်ပါက ထမင်းမကျွေးဟုဆိုကာ  အခန်းတံခါးကို ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။

 "အခုလို တရုတ်သူဌေး က ပြုလုပ်တဲ့ အတွက် ကျန်ရှိတဲ့ အလုပ်သမား ၂၇ဦး က  မကျေမနပ် ဖြစ်ပြီးတော့ ကျွန်တော်တို့ WAG အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ ကို အကူညီ လာတောင်းတဲ့ အတွက် ချက်ချင်းပဲ သွားပြီး ဖြေရှင်း ပေးခဲ့ပါတယ်။အဲ့စက်ရုံဘက်က တာဝန်ရှိသူတွေနဲ့ တွေဆုံဖြေရှင်း ပြီးတဲ့ အခါ မှာ အလုပ်သမားတွေရဲ့ လိုအပ်ချက်တွေ တောင်းဆိုချက်တွေကို တာဝန်ရှိသူတွေ က လုပ်ပေးမယ်လို့ကတိပေးတယ်" လို့  WAG အလုပ်သမားကူညီစောင့်ရှောက်ရေး အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

၎င်း စက်ရုံဟာ တရုတ်နိုင်ငံသားပိုင် သတ္တုစက်ရုံ ဖြစ်ပြီး တန်ဖိုးကြီး လက်ဝတ်ရတနာများ ထုတ်လုပ်တဲ့ စက်ရုံ တစ်ခုဖြစ်တယ်လို့ သိရပါတယ်။သတ္တုအပိုင်းအစတွေ ကို  ယင်းစက်ရုံရှိ  အလုပ်သမားအချို့က ခိုးယူနေကြတဲ့ အတွက် စက်ရုံတာဝန်ရှိသူတွေ က  အလုပ်သမား အားလုံးကို မသင်္ကာမှုနဲ့ စစ်ဆေးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026