NEWS

ရွှေ့ပြောင်းလုပ်သား အလုပ်လုပ်ခွင့် သက်တမ်းတိုးတာကို အွန်လိုင်း စနစ်ဖြင့် လုပ်ဆောင်နိုင်

CoverLogo
355 Views
 
ထိုင်းရောက်​ရွှေ့ပြောင်းလုပ်သား လူဟောင်း တွေရဲ့ work permit သက်တမ်းတိုးဖို့ အတွက် ဩဂုတ်၇ ရက်က စပြီး အွန်လိုင်း စနစ် နဲ့ စတင် လုပ်ဆောင်နိုင်ပြီ ဖြစ်တယ်လို့ ထိုင်းအလုပ်အကိုင် ဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
 
၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၃ ရက်မှာ work permit ၂နှစ် သက်တမ်းကုန် တဲ့ ရွှေ့ပြောင်း လုပ်သား တွေ အနေနဲ့ သက်တမ်းတိုးတဲ့ လုပ်ငန်းစဉ်ကို ဩဂုတ်၇ရက် နေ့လည် ၁နာရီခွဲ ကနေ အွန်လိုင်းစနစ် နဲ့ စတင် လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။
 
၎င်းသက်တမ်းတိုး လုပ်ငန်းစဉ်ကို၂၀၂၅ခုနှစ် ဩဂုတ် ၇ရက်မှ ဒီဇင်ဘာ ၁၃ရက်အထိ ခွင့်ပြုပေးထားပြီး အချိန်မီ မလုပ်ဆောင်ပါက အထောက်အထားမဲ့ လုပ်သား ဖြစ်သွားမှာ ဖြစ်တယ်လို့​ဆိုပါတယ်။
 
ထိုင်းအလုပ်အကိုင် ဦးစီးဌာနရဲ့ ကြေညာချက် ထဲ မှာ work permit သက်တမ်းတိုး လုပ်ငန်းစဉ် အတွက် လိုအပ်ချက်တွေ ကို ကြေညာထားပြီးမြန်မာအလုပ်သမားအရေးကူညီသူတွေကလည်း မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ စာရွက်စာတမ်းကိစ္စကို အလေးထားဆောင်ရွက်ကြဖို့ အကြံပြုပြောထားပါတယ်။
 
ဝေါ့ပါမစ်သက်တမ်းတိုး လုပ်ငန်းစဉ်တွေ ထဲမှာ ကျန်းမာရေးအတွက်ဆေးစစ်ခြင်း ဝေါ့ပါမစ်အတွက်ကုန်ကျငွေ၊ အလုပ်သမားအာမခံငွေများသွင်းဖို့ စတာတွေပါဝင်ပါတယ်။
 
ဒါ့အပြင် လိုအပ်တဲ့ အချက်အလက်တွေ ကို ဒီဇင်ဘာ ၁၃ရက်မှာ နောက်ဆုံးထားပေးပို့ခိုင်းထားပြီး ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁၃ရက်အတွင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်မှ ဝေါ့ပါမစ်လျှောက်လွှာတွေကို အချက်အလက်စစ်ဆေး ပြီး မှန်ကန်ပါက ထုတ်ပေးမှာဖြစ်ကြောင်း ဗီဇာထုခြင်းကိုတော့ ၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီ ၁၃ အတွင်း အပြီး လုပ်ဆောင်ရမှာဖြစ်ကြောင်း သိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026