NEWS

ရွှေ့ပြောင်းလုပ်သားအရေး လက်တွေ့လုပ်ဆောင်မှု အားနည်း

CoverLogo
516 Views
 
ရွှေ့ပြောင်းလုပ်သားတွေအတွက် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) နဲ့ အလုပ်သမားဝန်ကြီးဌာနကြား ဆွေးနွေး လုပ်ဆောင်နေပေမယ့် ခေါင်းပုံဖြတ်ခံရတာတွေ၊ လိမ်လည်ခံရတာတွေ ရှိနေတယ်လို့ ပြည်ပသွားရောက်လုပ်ကိုင်မယ့် မြန်မာ အလုပ်သမားတွေက ပြောပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် ပြည်ပမှာသွားရောက်လုပ်ကိုင်လိုသူတွေ များလာပြီး ဒီအခြေအနေကို အသုံးချကာ ခေါင်းပုံဖြတ် လိမ်လည်တွေကို လူခေါ်ပွဲစားတွေသာမကပဲ လိုင်စင်ရအေဂျင်စီတွေကပါ လုပ်ဆောင်နေ ကြတာလို့ သိရပါတယ်။
 
“အခုက ပြည်ပထွက်ရရင်ပြီးရော ဖြစ်နေတာပါ။ ဝန်ဆောင်ခကို မတွက်နိုင်ကြဘူး။ အေဂျင်စီတွေကလည်း သူတို့ ကိုယ်တိုင်လည်း ဌာနကိုပေးရတာတွေရှိတယ်ပြောတယ်။ ကျွန်တော်တို့က တကယ်ထွက်ရရင် ပြီးတာပါပဲ။ သူများ တွေဆို အလိမ်ခံရတာတွေလည်း ကြားနေရတော့ စိတ်တော့ပူတယ်”လို့ ပြည်ပမှာသွားရောက်လုပ်ကိုင် လိုသူတစ်ဦးက ပြောပါတယ်။
 
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကတော့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်း (IOM) နဲ့ တွေ့ဆုံဆွေးနွေးတာကို မတ်လ(၁)ရက်မှာ လုပ်ဆောင်ခဲ့တာပါ။
 
ဝန်ကြီးက အလုပ်သမားတွေ ကို အကာအကွယ်ပေးရေး၊ လုံခြုံစိတ်ချရပြီး စနစ်တကျ ပုံမှန်ရွှေ့ပြောင်းသွားလာတာကို မြှင့်တင်ဖို့အတွက် သတင်း အချက်အလက် ဝန်ဆောင်မှုပေးတာ၊ အလုပ်သမားတွေနဲ့ ၎င်းတို့ရဲ့ မိသားစုတွေအတွက် အကျိုးစီးပွား မြှင့်တင် ကာကွယ်ပေးဖို့၊ ဝန်ဆောင်မှုများထောက်ပံ့ပေးတာတို့ကို IOM က ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်တာတွေ ထည့်သွင်း ဆွေးနွေးတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
 
“အာဏာမသိမ်းခင်က အေဂျင်စီအဖွဲ့ချုပ်က အလုပ်သမားအဖွဲ့အစည်းတွေနဲ့ပေါင်းပြီး ဖြေရှင်းပေးတာတွေ လုပ်တာတွေရှိတယ်။ အခုတော့ အရင်လိုသိပ် မလုပ်နိုင်တော့ဘူး။ အခု ပွဲစားတွေကလည်း လိုင်စင်ကိုင် လာ ကြတယ်။ လိမ်တာကလည်း အရင်ကထက်ကို ငွေပမာဏာကများ လာတယ်" အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူ တဦးကပြောပါတယ်။
 
လက်ရှိမှာပြည်ပလုပ်သားစေလွှတ်ခွင့်လိုင်စင်ရ အေဂျင်စီ(၅၀၀)ကျော်ရှိနေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။ ပြည်ပလုပ်သား စေလွှတ်ဖို့ လိုင်စင်ရယူသူအရေအတွက်က အာဏာမသိမ်းခင်ကထက် နှစ်ဆနီးပါး ဖြစ်လာပေမယ့် ဝန်ကြီးဌာနကတော့ စည်းကမ်းပိုင်းကြပ်မတ်မှု မရှိတဲ့ အခြေအနေလို့ သိရပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေမှာ ပြည်ပသွားရောက် လုပ်ကိုင်တာနဲ့ပတ်သက်ပြီး အသိပညာပေးတာနဲ့ လိမ်လည်မှုတွေကို ကူညီဖြေရှင်းပေးတာတွေ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်တော့ဘူးလို့ သိရပါတယ်။
 
Photo- ILO/Chalinee Thirasupa (ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ)

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026