NEWS

ရွှေ့ပြောင်းလုပ်သားအပါအဝင် အလုပ်သမားတွေ အတွက် မီးဖွား ခွင့်ရက် ၁၂၀ အထိ တိုးမြှင့်ပေးဖို့ ထိုင်းလွှတ်တော်အတည်ပြု

CoverLogo
429 Views
 
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် အလုပ်သမားတွေ ရဲ့ မီးဖွားခွင့်ကို ရက် ၉၀ ကနေ ရက်ပေါင်း ၁၂၀ အထိ တိုးမြှင့်ပေးဖို့ စက်တင်ဘာ ၁၅ ရက်မှာ ထိုင်းအထက်လွှတ်တော်က အတည်ပြုလိုက်တယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
 
အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းကို အတည်ပြုလိုက်တာ ဖြစ်ပြီး မီးဖွားခွင့်ကို ရက်ပေါင်း ၁၂၀ အထိ တိုးမြှင့်ပေမယ့် လုပ်ခလစာ အပြည့်ခံစားခွင့်ကိုတော့ ရက် ၆၀ သာ ရရှိမယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မသန်စွမ်းကလေးများအား ပြုစုစောင့်ရှောက်ရန်အတွက် ၁၅ ရက် ဆက်တိုက်ခွင့်ယူနိုင်မှာ ဖြစ်သလို အိမ်ထောင်ဖက် သည်လဲ ၁၅ ရက် ခွင့်ယူနိုင်စေရန် အခွင့်အရေးပေးထားတယ်လို့ ဆိုပါတယ်။
အထက်လွှတ်တော်မှ အဆိုပါ ဥပဒေကြမ်းကို ဝန်ကြီးချုပ်ထံသို့ တင်သွင်းမှာဖြစ်ပြီး၊ ဘုရင်မင်းမြတ်မှ လက်မှတ်ရေးထိုးပြီးနောက် အစိုးရပြန်တမ်းတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကာ ဥပဒေအဖြစ် အကျိုးသက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
 
ယခုဥပဒေ ကို ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ အသက်ဝင်လာမယ်လို့ ခန့်မှန်းရပြီး ဥပဒေအသက်ဝင်လာသည်နှင့် တစ်ပြိုင်နက် ဦးစီးဌာနမှ အလုပ်ရှင်များ၊ အလုပ်သမားများနဲ့ သက်ဆိုင်သူတွေအားလုံးကို ဥပဒေရဲ့ ရည်ရွယ်ချက်ကို သိရှိနားလည်စေရန်အတွက် ရှင်းလင်းချက်များ ထုတ်ပြန်ပြီး အသိပညာပေးမှုတွေပြုလုပ်မယ်လို့သိရပါတယ်။
Ref-The Nation

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026