NEWS

ရွှေ့ပြောင်းလုပ်သားများ၏ ကလေးများ အားလုံးပညာသင်ကြားခွင့်ပေးရန် ထိုင်းပညာရေးဝန်ကြီးညွှန်ကြား

CoverLogo
341 Views
 
ထိုင်းနိုင်ငံရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား တွေရဲ့ အထောက်အထားမဲ့နဲ့ နိုင်ငံသားလက်မှတ်မရှိသေးတဲ့ ကလေးများအားလုံး ကို ပညာသင်ကြားခွင့် အတွက် ကျောင်းအပ်လက်ခံပေးဖို့ ထိုင်းပညာရေးဝန်ကြီးက ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။
 
၎င်း ထုတ်ပြန်ချက်အရ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေဟာ တရားဝင်အထောက်အထားမရှိပေမယ့် မူလတန်းအဆင့်မှ အခြေခံပညာကို သင်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။
 
ယခင်က ထိုင်းနိုင်ငံရှိ အချို့ကျောင်းတွေ နဲ့ဆရာ ဆရာမ တွေက ရွှေ့ပြောင်းလုပ်သားတွေရဲ့ အထောက်အထားမရှိတဲ့ ကလေးတွေ ကို ကျောင်းအပ်လက်ခံဖို့ ငြင်းဆိုတာတွေ ရှိခဲ့ပြီး ယခုညွှန်ကြားချက် ထွက်လာပြီ ဖြစ်တဲ့ အတွက် ၎င်းညွှန်ကြားချက်ကို ပြသပြီး ကျောင်းအပ်နှံခွင့် တောင်းဆိုနိုင်တယ်လို့သိရပါတယ်။
 
""အထက်ကညွှန်ကြားတာကို သေချာလိုက်နာမယ်ဆိုရင်တော့ မြန်မာအပါအဝင်ရွှေ့ပြောင်း လုပ်သားတွေရဲ့သားသမီးတွေ အတွက် အတော်လေး ဝမ်းသာစရာဖြစ်ပြီပေါ့ ထုတ်ပြန်ချက်အတိုင်း ကျောင်းတတ်ခွင့်ရ မရ တော့စောင့်ကြည့်ရမှာပဲ""လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးသူတစ်ဦးကပြောပါတယ်။
 
ထိုင်းနိုင်ငံ တွင် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများပြားရှိတဲ့ မဲဆောက်မြို့နယ်နဲ့ရနောင်း မြို့နယ် တို့မှာ ရွှေ့ပြောင်းလုပ်သားများရဲ့ ကလေးငယ်များ ပညာရေး အတွက် မြန်မာအဖွဲ့အစည်း များက ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းများ တည်ထောင်ကာပညာသင်ကြားပေးလျက်ရှိပါတယ်။
 
အခုလို ပညာရေးကျောင်းတွေ တည်ထောင် သင်ကြားပေးရာမှာ အချို့ကျောင်းတွေကို ထိုင်းအာဏာပိုင်တွေက ခွင့်ပြုချက် မရဘဲ သင်ကြား တယ်ဆိုကာ ကျောင်းတွေ ပိတ်ခိုင်းခြင်း ဦးဆောင်လုပ်ကိုင်သူနဲ့ ဆရာ ဆရာမ တွေ ကို ဖမ်းဆီးအရေးယူတာတွေ ပြုလုပ်ခဲ့ပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026