NEWS

ရွှေ့ပြောင်းလုပ်သားတွေ ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့ စစ်ကော်မရှင်ကြိုးပမ်းနေ

CoverLogo
329 Views
 
ထိုင်းနိုင်ငံ မှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို မြန်မာနိုင်ငံ စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးနိုင်ဖို့ စစ်ကော်မရှင် အဖွဲ့ဝင်တွေက ဆွေးနွေးဆောင်ရွက်နေတယ်လို့ ၎င်းတို့ထိန်းချုပ်ထားတဲ့ သတင်းစာဖေါ်ပြချက်အရသိရပါတယ်။
 
ဩဂုတ် ၁၉ ရက်က စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုံးနဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး ငြိမ်းတို့က မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး ရင်းနှီးမှုတိုးမြှင့်ရေးကိစ္စများဆွေးနွေးတာမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဆန္ဒမဲ ပေးနိုင်ဖို့ အတွက်ပါ ဆွေးနွေးခဲ့တယ်လို့ သိရပါ
တယ်။
 
စစ်မကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေးကောက်ပွဲ ကို ဒီဇင်ဘာ၂၈ရက်ကစပြီး အပိုင်းလိုက် လုပ်ဆောင်မယ်လို့ ဩဂုတ် ၁၈ ၊ ၂၀၂၅ မှာ ထုတ်ပြန်ခဲ့ ပြီးနောက် ထိုင်းရောက်မြန်မာလုပ်သားတွေ မဲပေးဖို့ အတွက် ဆွေးနွေးတာတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
 
ထိုင်းရောက်မြန်မာရွှေ့ပြောင်း လုပ်သားအရေးနဲ့ ပက်သက်ပြီး စစ်ကော်မရှင်ရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နဲ့ လည်း မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းက တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပြည်သူများ ပြည်ဝင်ခွင့်ဗီဇာနဲ့ နေထိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များလည်း ဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ သတင်းစာမှာ ဖေါ်ပြထားပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေ့ပြောင်းလုပ်သားအလုံးအရင်းနဲ့ အများဆုံးဝင်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ အများစုက အထောက်အထားကိစ္စ ငွေကုန်ကြေးကျမှုတွေနဲ့ ရင်ဆိုင်နေရပြီး အဲ့ဒီကိစ္စနဲ့ အကြပ်ကိုင် မဲရယူဖို့ ကြိုးပမ်းမှာကို စိုးရိမ်နေရတယ်လို့ ရွှေ့ပြောင်းလုပ်သားတွေကပြောပါတယ်။
 
"ကျွန်မတို့က အထောက်အထားမပါဘဲ ဝင်လာရတာ၊ ထိုင်းရောက်တော့ ပြန်ပို့ခံရမှာကြောက်လို့ ပန်းရောင်ကတ်နဲ့ work permit လျှောက်ပြီးနေနေရတယ်၊ တခုခုဆို work permit တို့ CI တို့ passport ကိစ္စတွေ သက်တမ်းတိုးဖို့ အကြပ်ကိုင်ပြီး မဲပေးခိုင်းမှာ စိုးရတယ်၊ ဆုပ်လဲစူး စားလဲရူးအခြေအနေပါ"လို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအမျိုးသမီးတစ်ဦးကပြောပါတယ်။
 
IOM က စာရင်းတွေအရ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းနေထိုင်သူ ၄ သန်းကျော်ရှိပြီး ထက်ဝက်ကျော်ဖြစ်တဲ့ ၂ ဒသမ ၃ သန်းကျော်မှာ ရွှေ့ပြောင်းလုပ်သားအဖြစ် တရားဝင်မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။
 
"ကျွန်တော်တို့က လုံး၀မဲမပေးဘူး ထိုင်းမှာ မြန်မာလုပ်သားတွေ လစာမရကြတာတွေ အလိမ်ခံရတာတွေ အလုပ်ရမယ်ဆိုပြီး လမ်းဘေးမှာ ပစ်ထားခံရတာတွေ ဖြစ်တော့ သူတိုရဲ့ မြန်မာသံရုံးက ဘယ်မှာကူညီလဲ နည်းအမျိုးမျိုးနဲ့ ကိုယ့်နိုင်ငံသားကို အနိုင်ကျင့် ဒုက္ခတွေပေးနေတာ အဖမ်းခံရလို့ ကိုယ်မြေကို ပြန်ရတဲ့ အလုပ်သမား တွေ ကိုလည်း အဓမ္မစစ်မှုထမ်းဖို့ဖမ်းခေါ်တယ် အခု ရွေးကောက်ပွဲ ကိုမဲပေးခိုင်းဖို့ ဆိုတော့ ပြည်သူအပေါ် ပြန်မကြည့်တဲ့ သူကို ကျွန်တော်တိုက ဘာကြောင့် အသိအမှတ်ပြုထောက်ခံရမှာလဲ ""လို့ ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဆန္ဒပြပြည်သူတွေကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးနှိပ်စက်ပြီး အကျဉ်းချတာ၊ အလုပ်အကိုင်ရှားပါးပြီး ကုန်ဈေးနှုန်းအဆမတန် မြင့်တက်တာတွေအပြင် အဓမ္မစစ်မှုထမ်းခိုင်းစေမှုတွေရှိနေပြီး အရွယ်ရောက်သူတွေ ပြည်ပထွက်ခွာမှုမြင့်တက်ခဲ့တာဖြစ်ပါတယ်။
 
ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ အထောက်အထားမဲ့ဖြစ်စေ ၊ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် လျှောက်ထားပြီး နေထိုင်တာဖြစ်စေ ရောက်ရှိနေထိုင်ကြရတာဖြစ်ပြီး စစ်အာဏာသိမ်းပြီး ၅ နှစ်နီးပါး ကြာမြင့်ချိန်မှာတော့ စစ်ကောင်စီက စစ်ကော်မရှင်အသွင်ပြောင်းပြီး ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးပမ်းလာကာ အဆိုပါ ရွှေ့ပြောင်းလုပ်သားတွေထံက မဲရယူဖို့ ကြိုးပမ်းလာတာလည်းဖြစ်ပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026