NEWS

ရွှေ့ပြောင်းလုပ်သားတွေ ခိုလှုံနေရတဲ့ AAC ရုံးကို ထိုင်းအာဏာပိုင်တွေ ပိတ်သိမ်း

CoverLogo
356 Views

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ မဟာချိုင်က အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ ခိုလှုံနေတဲ့ AAC မဟာမိတ်အဖွဲ့ရုံးကို ပိတ်သိမ်း ပေးဖို့ ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီလ ၁၈ ရက်မှာ လာရောက်ပြောဆိုတယ်လို့ AAC မဟာမိတ်အဖွဲ့ထံ မှ  သိရပါတယ်။ 

 

အဆိုပါ ရုံးမှာ ထိုင်းနိုင်ငံ ကို ရောက်ရှိပြီး အကြောင်း အမျိုးမျိုး နဲ့ အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရပြီး နေရေးစားရေး အခက်ခဲ ဖြစ်နေတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော် ခိုလှုံနေထိုင်လျက်ရှိပြီး  အလုပ်သမားအခွင့်ရေးပြန်လည်ရရှိ ဖို့ကိုလည်း  AAC မဟာမိတ်အဖွဲ့မှ ကူညီ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ 

 

အခုလို ကူညီပေးနေတဲ့   AAC မဟာမိတ်ရုံးဟာ ထိုင်းအစိုးရဆီမှာ တရားဝင် မှတ်ပုံတင်ထားတာမရှိတဲ့ အတွက် ရုံးကိုပိတ်ပေးဖို့နဲ့ စာရွက်စာတမ်းအထောက်အထားရှိတဲ့ အလုပ်သမား ကိုသာ ကူညီဆောင်ရွက်ပေးဖို့ ထိုင်းအာဏာပိုင်တွေက လာရောက် ပြောကြားခဲ့တယ်လို့ AAC မဟာမိတ်အဖွဲ့မှဒါရိုက်တာဦးခိုင်ကြီးကပြောပါတယ်။ 

 

""တရားဝင်မှတ်ပုံတင်ဖို့က ကျွန်တော်တို့က မြန်မာနိုင်ငံသားတွေဖြစ်နေတော့ လုပ်ရကိုင်ရခက်တာပေါ့ " လို့ သူက ဆိုပါတယ်။ 

 

ထိုင်းအာဏာပိုင်တွေ အနေနဲ့ ရုံးကိုပိတ်သိမ်းဖို့  လာရောက်ပြောစဉ်မှာလည်း AAC ရုံး အတွင်း ခိုလှုံ နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ အထောက်အထားတွေ ကို တောင်းယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ 

 

"စစ်ဆေးပြီးတော့ ဖမ်းဆီးတာမျိုးတော့ မရှိခဲ့ဘူး ဧည့်စာရင်း မတိုင်လို့ဆိုပြီး အလုပ်သမားအချို့ ရဲ့စာရွက်စာတမ်းတွေကိုတော့ သိမ်းသွားတယ်""လို့ ဒါရိုက်တာဦးခိုင်ကြီးကပြောပါတယ်။ 

 

ဧည့်စာရင်းမတိုင်ဘဲ နေထိုင်သူတွေ  ကို တစ်ဦးလျင် ဘတ် ၄၀၀၀ စီနဲ့ အိမ်ပိုင်ရှင်က ဘတ် ၁၆၀၀ ဒဏ်ကြေး ပေးဆောင်ပြီးမှ စာရွက်စာတမ်းတွေ ပြန်လည်ရရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

 

ထိုင်းနိုင်ငံရှိ  အလုပ်သမားအခွင့်ရေးချိုးဖောက်ခံနေရတဲ့ မြန်မာအလုပ်သမားတွေကို ခိုလှုံခွင့်ပေးပြီး ကူညီဆောင်ရွက်ပေးနေရာကနေ အခုလို ရုံးပိတ်သိမ်းခံရတဲ့ အတွက် မြန်မာအလုပ်သမားတွေမှာ များစွာ အခက်ခဲ နစ်နာမှုတွေ ဖြစ်လာနိုင်တယ်လို့သိရပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026