NEWS

ရွှေလီ ဟွေရင်အထည်ချုပ်စက်ရုံသည် အကြွေးကျေလုပ်သားများအား သန့်ရှင်းရေးလုပ်ခိုင်းပြီး အလုပ်ထုတ်

CoverLogo
456 Views
အကိုတို့ရှင့် ။
ညီမ တို့ အကူညီတောင်းပါတယ် ရှင့်။
ညီမတို့က မူဆယ်ကနေ တရုတ်နိုင်ငံ ရွှေလီမြို့ ရောက်နေတဲ့ အထည်ချုပ် အလုပ်သမားတွေပါ။ ဟွေရင် အထည်ချုပ် စက်ရုံမှာ အထည်ချုပ်လုပ်သား အနေနဲ့ လုပ်ကိုင်ပါတယ်။ စက်ရုံဖွင့်တာ ၇ လကျော်ပဲ ရှိပါသေးတယ်။
 
မြန်မာနိုင်ငံကနေ အလုပ်သမားတွေကို လမ်းစာရိတ် အကြွေးစနစ်နဲ့ခေါ်လို့ ရောက်လာတာပါ။ အခု အလုပ်ထဲ‌ရောက်ပြီးမှ အလုပ်ရှင်က သူမကြိုက်‌တဲ့ အလုပ်သမားတွေဆို အကြွေးကျန်‌နေသေးရင် တခြားစက်ရုံကို အလုပ်ပြောင်းပေးပြီးပါတယ်။ အဲကနေ အကြွေးကျေပြီဆိုတာနဲ့ အလုပ်သမားတွေကို စက်ရုံက အလုပ်ထုတ်ပြီး မြန်မာနိုင်ငံကို ပြန်ခိုင်းပါတယ်။ အခြားစက်ရုံ ပြောင်းသွားလုပ်ခိုင်းပြီး အကြွေးကျေတဲ့ အလုပ်သမား တချို့ကိတော့ စက်ရုံမှာ သန့်ရှင်းရေး လုပ်ခိုင်းပါတယ်။
 
စက်ရုံမှာ သန့်ရှင်းရေး အလုပ်သမားကို သီးသန့် မခန့်ပါဘူး။ အလုပ်သမားတွေ ကိုယ်တိုင်လုပ်ရပါတယ်။ အခု စက်ရုံက တခြားစက်ရုံထက် လုပ်ခ လစာ နည်းပါတယ်။
 
စက်ရုံဝန်းထဲကနေ အပြင်ကိုထွက်ခွင့် မပေးပါဘူး။ လုပ်ငန်းခွင်က အော်စူပါနှစ်ယောက်ကလည်း စံချိန်မပေးနိုင်‌တဲ့ အလုပ်သမားတွေကိုအော်ဟစ် ဆဲဆို ရိုင်းစိုင်းစွာ ပြောဆိုပါတယ်။
 
အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထိ အထည်စံချိန်ကို မတရား အတောင်းတာပါ။ စက်လိုင်းတစ်လိုင်းမှာ စက်ချုပ် အလုပ်သမား ၂၀ကျော် ရှိပါတယ်။ ဒါကို ပြီး လိုင်းပေါက်အထည် တနာရီကို အထည် ၂၀၀၀ တောင်းတာပါ။ တောင်းတဲ့ စံချိန်မပြည့်ရင် အောလင်း၊ အောနိုက် အချိန်ပိုကို အမြဲလိုလို အလကားဆင်းပေးရပါတယ်။ စက်ရုံကတောင်းတဲ့ စံချိန်က ဘယ်လိုချုပ်ချုပ် မပြည့်တဲ့ အရေအတွက်ပါ။ ဒါကြောင့်လည်း အချိန်ပိုအိုတီ အလကားဆင်းပေးရပြီး ချုပ်ပေးရပါတယ်။ အောလင်း၊ အောနိုက် အချိန်ပို ပဲ မဟုတ်ပါဘူး၊ တနင်္ဂနွေနေ့တွေကိုလည်း အချိန်ပိုဆင်းပြီး လုပ်ခမရဘဲ အလကားချုပ်ပေးရပါတယ်။
 
ညီမတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အသိပေးတာပါ။ ဒီမှာ ဘယ်ကို တိုင်ကြားရမှန်း မသိလို့ အကူအညီတောင်းပါတယ်ရှင့် ။
ဟွေရင်အထည်ချုပ်စက်ရုံမှာ မြန်မာ အလုပ်သမားများ ၂၅၀ ကျော် ရှိပါတယ်။ စက်ရုံက တရုတ်နိုင်ငံသားပါပဲ။ COTONOU၊ AUGST SKY၊ LULUS တံဆိပ် အင်္ကျီတွေ ချုပ်ပါတယ် ရှင့်။
 
ဟွေ့ရင်အထည်ချုပ် အလုပ်သမားများ

Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026