NEWS

ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး

CoverLogo
259 Views
 
ထိုင်းနိုင်ငံ ဖူးခက်ပြည်နယ်၊ မယ်ခေါင် (Mai Khao) မှာ အသင့်တပ်ဆင်ထားတဲ့ ရွေ့လျားအိမ်(Prefab House)သယ်လာတဲ့ ၁၈ ဘီး ကုန်ကား ဟာ လူကူးခုံးကျော် တံတား ဖြင့် တိုက်မိပြီး ကားပေါ် လိုက်ပါလာတဲ့ မြန်မာ လုပ်သား ၂ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
 
မတ်လ ၁၁ရက် မနက်ပိုင်းမှာ ၁၈ ဘီး ကုန်ကားပေါ်မှာ တင်ဆောင်လာတဲ့ ဆောက်လုပ်ပြင်ဆင်ထားပြီးသား အိမ်တစ်လုံးပေါ် တွင် လမ်းရှိ လျှပ်စစ်ဓါတ်ကြိုးများနဲ့ လွတ်ကင်းမှုရှိမရှိ ကြည်ရှုဖယ်ရှား ပေးဖို့ အတွက် မြန်မာလုပ်သား ၂ဦးကို အိမ်အမိုးပေါ်တွင် လိုက်ပါ လာရာ မှ လူကူးခုံးကျော်တံတား နဲ့ တိုက်မိပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။
 
ယာဉ်တိုက်မှုဖြစ်ပြီး ချိန်တွင် မြန်မာလုပ်သား တစ်ဦးမှာ ယာဉ်ပေါ်တင်လာတဲ့ အိမ်ခေါင်မိုး ပေါ်တွင် ဦးခေါင်းဒဏ်ရာပြင်းထန်စွာဖြင့်သေဆုံးနေပြီး ကျန်တစ်ဦးမှာ ကားပေါ်က နေ အောက်သို့ ပြုတ်ကျသေဆုံးနေတာတွေ့ရှိရတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ကုန်တင်ယာဉ်မောင်းရဲ့ ပြောဆိုချက်အရ ချွန်ဘူရီ ပြည်နယ်ကနေ ဖူးခက်သို့ ၎င်း အသင့်ဆောက်ထားတဲ့ အိမ်ကို လာပို့တာဖြစ်ပြီး တံတားရဲ့ အမြင့်ဟာ ကားပေါ်ပါ ကုန်ပစ္စည်းရဲ့ အမြင့်နဲ့ လွတ်နိုင်တယ်လို့ ယုံကြည်ခဲ့တာကြောင့် အခုလို ဖြတ်သန်းခဲ့ရာကနေ ယာဉ်ပေါ်တင်လာတဲ့အိမ်ခေါင်မိုးပေါ်မှာ ထိုင်လျက် လိုက်ပါလာတဲ့ မြန်မာလုပ်သား ၂ဦး တိုက်ရိုက် ရိုက်မိပြီး အခုလိုသေဆုံးခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။
 
လက်ရှိမှာ မော်တော်ယာဉ်ကို မဆင်မခြင် မောင်းနှင်ခဲ့တဲ့ ကုန်တင်ယာဉ်မောင်း ထိုင်းနိုင်ငံသားကို ချက်ချိုင်း (Chatchai) ရဲစခန်းက အမှုဖွင့်ဖမ်းဆီးထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေသလို မြန်မာအလုပ်သမား ၂ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆေးရုံမှာရှိတဲ့ မှုခင်းဆေးဘက်ဆိုင်ရာ ဆရာဝန်တွေကလည်း သေဆုံးသူတွေရဲ့ အလောင်းကို စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
 
Ref-Phuket News

Related posts

Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026