NEWS

ရေဘေးသင့်ပြည်သူ တွေအတွက် မြန်မာသံရုံးက ထိုင်းရောက်မြန်မာ အလုပ်သမားတွေဆီ အလှူခံနေ

CoverLogo
964 Views

မြန်မာနိုင်ငံ မှာ ဖြစ်ပေါ်နေတဲ့  ယာဂီမုန်တိုင်းနှင့် ဆက်စပ်ပြီး ဖြစ်ပွားနေတဲ့ ရေကြီး နစ်မြုပ် တာတွေ ကြောင့် ရေဘေးသင့်နေတဲ့ ပြည်သူတွေ ကို လှူဒါန်းလိုပါကမြန်မာသံရုံးကို လှူဒါန်းနိုင်တယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေ ကို မြန်မာသံရုံးဗန်ကောက်က  စက်တင်ဘာ၁၅ရက်မှာ အသိပေးကြေညာထားပါတယ်။

ရေဘေးသင့်ပြည်သူများအတွက် ထိုင်းနိုင်ငံ မှာ ရောက်ရှိနေတဲ့  မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာသံရုံး (ဗန်ကောက်)၊ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) တို့ဖြင့် ဆက်သွယ်၍ လှူဒါန်းလျက်ရှိတာမှာစက်တင်ဘာ ၁၄ရက်အထိ   ဆန် ၄၀၃ အိတ်နှင့် ငွေသား ၁၁၉၁၁၁ ဘတ် လက်ခံရရှိတယ်လို့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

ဒါ့အပြင် ဆန်အိတ်လှူဒါန်းလိုသူတွေ အနေနဲ့  ဆန်တစ်အိတ် (၂၄ ပြည်)ကို  ၆၅၀ ဘတ် နဲ့ သတ်မှတ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

ရေကြီးမှုမတိုင်ခင်က ပြည်ပရောက်မြန်မာလုပ်သားတွေ ထံက အခွန် ၂ ရာခိုင်နှုန်းကောက်ခံဖို့နဲ့ အလုပ်သမားတွေရဲ့အခြေခံလစာရဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းက မိသားစုထံမဖြစ်မနေလွှဲပြောင်းဖို့ ဖိအားပေးကာ မလိုက်နာပါက ပြည်ပထွက် အလုပ်လုပ်ခွင့်မပေးတော့ဘူးလို့  ခြိမ်းခြောက်မှုတွေ ပြုလုပ်ထားတဲ့နောက် အခုလို ရေဘေးအလှူခံတဲ့အပေါ် ရွှေ့ပြောင်းလုပ်သားတစ်ဦးက သူ့အမြင်ကိုမှတ်ချက်ပြုပါတယ်။ 

" အရင်က ဥပဒေအရအုပ်ချုပ်ခဲ့တဲ့ အစိုးရတွေလက်ထက်တုန်းကဆိုရင် ပြည်သူတွေကလှူကြမှာ အမှန်ဘဲ။ အမှန်တကယ်ဒုက္ခသည်တွေဆီရောက်မှာကိုယုံကြည်ဖွယ်ရှိလို့လေ။ အခုဟာကရေခြားမြေခြားမှာကို နိုင်ငံသားတွေ ဒုက္ခမရောက်ရောက်အောင်လုပ်နေတဲ့ မြန်မာသံရုံးရဲ့ကြေညာချက်ကိုတော့ ဘယ်သူမှ တကူးတကလှူမယ်မထင်ဘူး။ သံရုံးမှာဗီဇာကိစ္စ၊ ပတ်စပို့ကိစ္စ၊ ထောက်ခံစာလုပ်သူတွေလောက်ပဲ မဖြစ်မနေမို့ထည့်ဖြစ်မယ်ထင်တယ်။ တကယ်မြေပြင်မှာ ဘာဖြစ်သွားသလဲဆိုတာ ပြည်သူတွေမျက်ဝါးထင်ထင်မြင်ခဲ့ပြီလေ။ ဘယ်သူတွေက တကယ်လှူဒါန်းတာတွေ၊ ကယ်ဆယ်ရေးလုပ်သူတွေကို ဘယ်သူတွေက ဟန့်တားတွေကို ပြည်သူတွေမြင်နေရတယ်လေ။ ပြည်သူအပေါ်ဒုက္ခရောက်သထက်ရောက်အောင်လုပ်နေတဲ့ သံရုံးနဲ့တော့ ဘယ်မြန်မာနိုင်ငံသားမှအလှူရေစက်မဆုံချင်တာတော့ အမှန်ဘဲ""လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

သံရုံးကြေညာချက်မှာတော့ လှူဒါန်းလိုသူတွေ အနေနဲ့ ဆန်အိတ် သို့မဟုတ် ငွေသား (မိမိလှူဒါန်းလိုသ၍) ကို မြန်မာ သံရုံး (ဗန်ကောက်) တွင် သံမှူး ဒေါ်ဆန်းသစ်ရည် (06-2731-3515) သို့လည်းကောင်း၊ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) တွင် ပထမအတွင်းဝန် ဒေါ်နေခြည်ဝင်းဆွေ (094-945-0362) သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ အသိပေးထားပါတယ်။

ဓါတ်ပုံ- မြန်မာသံရုံး


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026