NEWS

ရေကြီးရေလျှံဖြစ်ပွားနေတဲ့ နေရာများ အတွက် ရေဘေးအလှူပစ္စည်းများ  အခမဲ့ပို့ပေးဆောင်ပေးမယ်လို့ အဝေးပြေးယာဉ်လိုင်း အချို့ကြေညာ

CoverLogo
761 Views

ရေကြီးရေလျှံမှုဖြစ်ပေါ်နေတဲ့ နေရာ တွေကို  ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့တဲ့ ပစ္စည်းတွေကို ယင်းနေရာတွေ ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအချို့က တန်ဆာခ အခမဲ့ နဲ့ ပို့ဆောင်ပေးမယ့် ကြေညာထားပါတယ်။ 

မန္တလာမင်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း ကနေ ရေဘေးအလှူပစ္စည်းတွေကို တန်ဆာအခမဲ့ အနေနဲ့ နေပြည်တော် ၊ တပ်ကုန်း ၊ ပျော်ဘွယ် ၊ရမည်းသင်း ၊မိတ္ထီလာ စတဲ့နေရာတွေ ကို အခမဲ့ ပေးပို့ပေးမယ်လို့ ကြေညာထားပါတယ်။ 

ဒါ့အပြင် ရေဘေးအလှူပစ္စည်းတွေပို့ဆောင်ဖို့ မန္တလာမင်း ကတစ်ဆင့် ပျော်ဘွယ် ကို ပို့ဆောင်လိုတယ်ဆိုပါက  ပျော်ဘွယ် ဂျေဂျေဂိတ် - ၀၉၂၂၁၅၀၀၁ နဲ့ ရမည်းသင်း ကို ပို့ဆောင်လိုဆိုပါက  ရမည်းသင်း အောင်ခန့်ဂိတ် - ၀၉၄၂၁၇၁၇၉၃၅ မှာပစ္စည်းထုတ်ယူတာတွေလုပ်ဆောင်နိုင်တယ်လို့ မန္တလာမင်းယာဉ်လိုင်းကအသိပေးထားပါတယ်။ 

Elite Express ယာဥ်လိုင်းကလည်း ၎င်း ပြေးဆွဲလျက် ရှိတဲ့ မြို့တွေ  သို့ ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့တဲ့ ပစ္စည်းတွေ ကို  အခမဲ့ ပို့ဆောင်မယ်လို့ အသိပေးကြေညာထားပါတယ်။ 

မုန်တိုင်းဒဏ်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံဖြစ်ပွားနေတဲ့  မြိုနယ်ပေါင်း ၃၄ မြို့နယ်ရှိပြီး ရေဘေးသင့်ပြည်သူ နှစ်သိန်း သုံးသောင်းကျော်ရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ 

လတ်တလော အချိန် ထိ လည်း ရေကြီးရေလျှံ မှု တွေ ဆက်လက်ဖြစ်ပေါ်နေပြီးလူမှုကူညီရေးအသင်းတွေက  ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်တိုက် ကူညီဆောင်ရွက်ပေးနေရပြီး ရေဘေးသင့် ပြည်သူတွေ စားဝတ်နေရေး အကူညီတွေ လိုအပ်လျက်ရှိတယ်လို့ လူမှုကူညီရေးအသင်း တွေ ထံ က သိရပါတယ်။ 

Photo-MFSD-​​နေပြည်​တော် လယ်​ဝေးမြို့နယ်၊ သစ်ကိုးပင်ရွာ။ 


Related posts

Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026