NEWS

ရုရှားကို မြန်မာလုပ်သား စေလွှတ်ရေး နှစ်နိုင်ငံ MOU ထိုးဖို့ လုပ်ဆောင်

CoverLogo
621 Views

စစ်ကောင်စီ ရဲ့ အလုပ်သမားဝန်ကြီးဌာနက ရုရှား နိုင်ငံ ကို မြန်မာအလုပ်သမား စေလွှတ် နိုင်ရေး နှစ်နိုင်ငံ MOU ထိုးဖို့ လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

 

ဖေဖေါ်ဝါရီ ၂၄ ရက် က ရုရှားကိုလုပ်သားစေလွှတ်ဖို့ နှစ်နိုင်ငံ MoU လက်မှတ်ရေး ထိုးနိုင်ရေး၊ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ဆိုင်ရာကိစ္စရပ်များနဲ့ စပ်လျဉ်းတဲ့  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။

 

၎င်းအစည်းဝေး ကို အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)၊ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ တွေ နဲ့  ARA Academy ရုရှားဘာသာစကားကျွမ်းကျင်မှုသင်တန်းကျောင်းမှ တာဝန်ရှိသူ တွေ တတ်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

 

"လတ်တလော မှာတောင် အမျိုးသားတွေ ကို အသက် ၁၈ ကနေ၃၅နှစ်အထိ ပြည်ပထွက်အလုပ်လုပ်ခွင့်ကန့်သတ်လိုက်လို့ လုပ်သားရှာရတာခက်ခဲနေသလို အလုပ်ခေါ်စာ လက်ခံဖို့လဲ အေဂျင်စီတွေ စဉ်းစားနေရပြီ ရုရှား က ဝန်ကြီးဌာနဲ့ သူတို့နဲ့ပတ်သက်တဲ့ အေဂျင်စီတွေ လုပ်နေတာ ဘယ်လိုလာမယ်တော့မသိဘူး အများစုခေါ်မှာက စိုက်ပျိုးရေးနဲ့ဆောက်လုပ်ရေး အလုပ်တွေ ဆိုတော့ အမျိုးသား လုပ်သားပဲခေါ်ယူတာများမှာ အသက်ကန့်သက်ချက်နဲ့ ဘယ်လို လုပ်မယ်မသိသေးဘူး အေဂျင်စီ အတော်တော်များများက ရုရှား ကို လုပ်သားစေလွှတ်မှုကို စိတ်ဝင်စားမှု မရှိကြဘူး""လို့ လိုင်စင်ရ အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 

ရုရှားနိုင်ငံ ကို လုပ်သားစေလွှတ်တာမှာ အလုပ်ရှင်ဘက်မှ ကုန်ကျစရိတ် စိုက်ထုတ်ပေးမယ့် Zero Cost စနစ်နဲ့ ခေါ်ယူမှာ ဖြစ်​ကာ ပြည်ပထွက်ဖို့ လုပ်ဆောင် နေတဲ့ လုပ်သားအများစုကတော့ ရုရှားကို သွားရောက် အလုပ်လုပ်ဖို့ စိတ်ဝင်စားမှုနည်းပေမယ့်  လုပ်သား အချို့မှာတော့ သွားရောက်အလုပ်လုပ် ဖို့ အတွက် ရုရှားဘာသာစကားသင်တန်း တတ်ရောက်ထားတာတွေရှိတယ်လို့ သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026