NEWS

ရုပ်ရှင်အကြောင်း ဝေဖန်သူကို စစ်ကောင်စီက ၅၀၅-(က) ဖြင့် ဖမ်းဆီး

CoverLogo
507 Views

ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာအဝတ်အစားတွေ ဝတ်ဆင်ပြီး အပျော်အပျက်သရုပ်ဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်အပေါ် ကိုရှိုင်းထက်အောင်(ခ) ဟာဆယ်ယွန်က အောက်တိုဘာ ၂၄ရက်တွင် ဖေ့ဘွတ်ခ်မှာ ဝေဖန်ခဲ့ပါတယ်။ 

အဆိုပါ ရုပ်ရှင်အကြောင်းဝေဖန်သူ ကိုရှိုင်းထက်အောင်ကို စစ်ကောင်စီက ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတယ်လို့ စုံစမ်းသိရှိရပါတယ်။  

ဟာဆယ်ယွန်ရဲ့ ဝေဖန်မှုအပေါ် ဆိုရှယ်မီဒီယာတွေမှာ လူအများက သတိထားမိလာကြပြီး အပြောင်အပျက် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို ဝိုင်းဝန်းဝေဖန်ခဲ့ကြပါ တယ်။ 

ဟိန္ဒူဘာသာဝင်များကလည်း ဒီရုပ်ရှင်နဲ့ ပတ်သက် ပြီး သူတို့ ဘာသာဝင်တွေအပေါ် စော်ကားတာဖြစ်တယ်လို့ ပြောဆိုလာခဲ့ကြပါတယ်။ 

ဒီရုပ်ရှင်ကို ရိုက်ကူးတဲ့ ဒါရိုက်တာက မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်ရဲ့ ခွင့်ပြုချက်ရရှိထားတယ်ဆိုပြီး မီဒီယာတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။ 

ကိုရှိုင်းထက်အောင်ကတော့ ဒီဇာတ်ကားကို အဖွဲ့အစည်းဘက်က ခွင့်ပြုထားတား မရှိဘူးလို့ ၎င်းရဲ့ ဖေ့ဘွတ်ခ်ကတဆင့် အောက်တိုဘာ ၂၅ရက်မှာ အတည်ပြု ရေးသားခဲ့ပါတယ်။ 

ရုပ်ရှင်အကြောင်း ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၂၆ရက်မှာ ကိုရှိုင်းထက်အောင် (ခ)ဟာဆယ်ယွန် ရုတ်တရက်ပျောက်ဆုံးခဲ့တာပါ။ 

၅ ရက်အကြာ အောက်တိုဘာ ၃၀ရက်မှာတော့ ဟာဆယ်ယွန်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅-(က)နဲ့ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။ 

ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး ရုပ်ရှင်ကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ကရိုက်ကူးပြီး  သရုပ် ဆောင်အကယ်ဒမီဆုတွေ ရရှိထားတဲ့ လွင်မိုး ၊ ခန့်စည်သူ ၊ ခိုင်သင်းကြည်နှင့် ရွှေမှုံရတီနှင့် ခင်လှိုင်တို့ သရုပ်ဆောင်ထားပါတယ်။ 

Photo-ကိုရှိုင်းထက်အောင်(ခ) ဟာဆယ်ယွန် 

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026