NEWS

ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ဂျပန်အရည်ချင်းစစ်စာမေးပွဲ JLPTလျှောက်လွှာရောင်းချမှု အွန်လိုင်းစနစ်နဲ့ပထမဆုံးအကြိမ်စတင်လက်ခံ

CoverLogo
2.1K Views

လျှောက်ထားသူများလွန်းတာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ  လျှောက်လွှာရောင်းချမှုရပ်ဆိုင်းခဲ့တဲ့ ဂျပန်ဘာသာ အရည်ချင်းစစ်စာမေးပွဲ လျှောက်လွှာ JLPTရောင်းချမှုကို အွန်လိုင်းစနစ်နဲ့ ပထမဆုံးအကြိမ် ပြန်လည်လက်ခံသွားမယ်လို့ စာမေးပွဲကျင်းပရေးကော်မတီက အသိပေးထုတ်ပြန်လိုက်ပါတယ်။

JLPT စာမေးပွဲဖြေဆိုခွင့်လျှောက်ထားမှုကို ဩဂုတ်  ၂၀ ရက်ကစပြီး ၂၆ ရက်အထိ အွန်လိုင်းစနစ်နဲ့ ပြန်လက်ခံသွားမှာဖြစ်ပြီး လျှောက်လွှာစတင်လက်ခံမဲ့ ပထမဆုံးရက်မှာ N-1 အဆင့်ဖြေဆိုခွင့်ကို စတင်လက်ခံသွားမှာလို့ သိရပါတယ်။ အခြားသောအဆင့်ဖြေဆိုခွင့်တွေအတွက် အွန်လိုင်းလျှောက်လွှာလက်ခံမယ့်ရက်ကိုတော့ ဩဂုတ်လ ၁၉ ရက်မှာ ထပ်မံ အသိပေးကြေညာပေးသွားမယ်လို့ အသိပေးလိုက်တာဖြစ်ပါတယ်။  

ဒါ့အပြင် JLPT စာမေးပွဲဖြေဆိုခွင့်လျှောက်ထားမှုကို အွန်လိုင်းစနစ်နဲ့ ပထမဆုံးအကြိမ် စတင်လက်ခံတာဖြစ်တဲ့အတွက်  လျှောက်ထားသူများပြားရင် နည်းပညာချို့ယွင်းတာမျိုးရှိနိုင်တယ်လို့လည်း  အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်၅ရက်နံနက်ပိုင်းက အဆိုပါလျှောက်လွှာရောင်းချခြင်း၀ယ်ယူနိုင်ရန်တန်စီထားတဲ့  လူငယ်များက အရေအတွက်များပြားလွန်းတဲ့အပြင် ရုန်းရင်းဆန်ခတ်ဖြစ်ပွား၍ စာမေးပွဲလျှောက်လွှာများရောင်းချခြင်းရပ်ဆိုင်းကာ  စစ်တပ်ကိုခေါ်ယူရှင်းလင်းခဲ့တာကြောင့်  လူအများေ၀ဖန်ပြောဆိုမှုတွေနဲ့ တာ၀န်ရှိသူတွေကိုကန့်ကွက်မှုတွေလည်း ရှိခဲ့ပါတယ်။

အဲ့ဒီနောက် လူအများစိတ်၀င်စားခဲ့တဲ့ ဂျပန်ဘာသာအရည်ချင်းစစ်စာမေးပွဲလျှောက်လွှာ(JLPT 2022 ဒီဇင်ဘာအတွက်) လျှောက်လွှာရောင်းချခြင်းနှင့်ပတ်သက်သည့် စာမေးပွဲလျှောက်လွှာ ရောင်းချပြီးသည့်စာရင်းကို JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)က သြဂုတ်၆ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ စာမေးပွဲအတွက် ရောင်းချပြီးသည့် လျှောက်လွှာ အရေအတွက်ဟာ  ရန်ကုန်စာဖြေဌာနအတွက် စုစုပေါင်း လက်ခံရောင်းချပြီးသည့် အရေအတွက် ၂၅၈၆၈ ဉီးဖြစ်ပြီး  မန္တလေးစာဖြေဌာနအတွက် စုစုပေါင်းရောင်းချပြီးသည့် အရေအတွက် - ၉၅၆ ဉီးတို့ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ရန်ကုန်စာဖြေဌာန ၂၀၂၂ခုနှစ် ပြီးခဲ့တဲ့ဇူလိုင်လ စာမေးပွဲမှာ Online form တင်ခဲ့ပြီး ဖြေဆိုခွင့်မရခဲ့တဲ့ကျောင်းသားကျောင်းသူများအတွက် ဦးစားပေး လက်ခံထားတဲ့အရေအတွက် N3 Level - ၉၉၉ ဦးနှင့်  N4 Level - ၂၀၈၄ ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

 


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026