NEWS

ရာသက်ပန်လိုင်စင်အသိမ်းခံရတဲ့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီ တွေကို လိုင်စင်အာမခံစပေါ်ငွေ ပြန်မထုတ်ပေးဘူးလို့ အလုပ်သမားဝန်ကြီးဌာနကြေညာ

CoverLogo
415 Views

အကြောင်းအမျိုးမျိုးကြောင့် အရေးယူခံရကာ အလုပ်သမားဝန်ကြီးဌာန မှ ရာသက်ပန် လိုင်စင်ပိတ်သိမ်း ခံရတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ တွေ ကို လိုင်စင်အာမခံစပေါ်ငွေ ပြန်လည်ထုတ်ယူခွင့်မပေးတော့ဘူးလို့ အလုပ်သမားညွန်ကြားမှုဦးစီးဌာနက ဇူလိုင် ၅ရက် နေ့မှာ အသိပေးကြေညာလိုက်ပါတယ်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်စည်းကမ်း အပိုဒ်၄(င)အရ ပြစ်မှုတစ်စုံတစ်ရာ တွေ့ရှိတာကြောင့် လိုင်စင်ပိတ်သိမ်းခံရပါက လိုင်စင်အာမခံ စပေါ်ငွေ အဖြစ် ပေးသွင်းထားတဲ့ မြန်မာ ကျပ်ငွေ သိန်း၅၀ကို ပြန်လည် ထုတ်ပေးမှာမဟုတ်ဘူးလို့ဆိုပါတယ်။

အဆိုပါ လိုင်စင်အာမခံ စပေါ်ငွေ ကို နိုင်ငံတော်ဘဏ္ဍာ သို့ ၂၀၂၄-၂၀၁၅ ဘဏာရေးနှစ် မှာ ပေးသွင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနက အသိပေးကြေညာထားပါတယ်။

"တော်ရုံ အမှုကတော့ရှင်းလို့ရပါတယ်၊ အခုလိုင်စင်ရာသက်ပန် အသိမ်းခံရတဲ့ အေဂျင်စီ တွေ က အလုပ်သမားတွေစီက အတော်လေး လိမ်လည်သွားတာ အမှုတွဲ တွေ တော်တော်များကြတယ် ဒါကြောင့်လည်း ပိတ်သိမ်းခံရတာ"လို့ အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်တလောမှာ ရာသက်ပန်လိုင်စင်ပိတ်သိမ်းခံရတဲ့ အေဂျင်စီ တွေ မှာ  Lu kyaw ၊7 Star Hight ၊ Moe Shwe Sin၊ Myanmar Dargon pan cherry၊ property World၊ Myint Mo Phue Pwint ၊Yan Aye Services စတဲ့အေဂျင်စီ တွေပါအဝင် အေဂျင်စီ အခု ၂၀ ရှိတယ်လို့ သိရပါတယ်။


Related posts

Cover
အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၃၀ ကျော်အဖမ်းခံရ
Sep 03, 2025
Cover
ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၃၀ ကျော်ကို နေရပ်ပြန်ပို့
Sep 02, 2025
Cover
ရွှေ့ပြောင်းလုပ်သားများ၏ ကလေးများ အားလုံးပညာသင်ကြားခွင့်ပေးရန် ထိုင်းပညာရေးဝန်ကြီးညွှန်ကြား
Aug 29, 2025
Cover
နိုင်ငံကူးလက်မှတ်စာအုပ်ဖိုး ၅၀၀၀ ကျပ်တိုးမြှင့်ကောက်ခံမည်
Aug 28, 2025
Cover
ရွှေ့ပြောင်းအလုပ်သမားများ ကိုယ်ရေးအချက် အလက် ဖြည့်စွက်ရာတွင် သေချာစိစစ်ဖို့ အသိပေး
Aug 28, 2025
Cover
အထောက်အထားမရှိဘဲအလုပ် လုပ်ကိုင်သူများကို ထိရောက်စွာနှိမ်နင်းပြီး နေရပ်ပြန်ပို့မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးကြေညာ
Aug 27, 2025
Cover
မြန်မာစစ်ရှောင်များကို အလုပ်လုပ်ခွင့် ပြုရန် ထိုင်းအစိုးရသဘောတူ
Aug 27, 2025
Cover
မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၀ ကျော်ကို မလေးရှားအစိုးရ ပြည်နှင်ဒဏ်ပေး
Aug 27, 2025