NEWS

ရန်ကုန်-မန္တလေးလမ်းပိုင်းယာယီပိတ်ထား

CoverLogo
418 Views
 
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ရန်ကုန် မန္တလေး အမြန်လမ်းမမှာ လမ်းရေကျော်ပြီး ရေ​မြင့်တက်လာတာကြောင့် စက်တင်ဘာ ၁၃ ရက် နေလယ်ပိုင်းအချိန်ကစတင်ပြီး လမ်းအသုံးပြုမှုယာယီရပ်နားထားတယ်လို့ သိရပါတယ်။
 
"ဒီနေ့ကျွန်တော့်အလှည့် ရန်ကုန်ပြန်တက်ရမှာ။ နေ့လည်ကပဲလမ်းရေကျော်လို့ပိတ်ထားတယ်ဆိုလို့ ဒီနေ့မတက်ဖြစ်ဘူး။ အဝိုင်းကနေနှာပေါက်နားဖြစ်မယ်။ အမြန်လမ်း ၃၅၄မိုင်လောက်ကနေစပြီး ရေမြုပ်နေတာတဲ့။ကျွန်တော်က မုံရွာဆင်းလာတာ ၂ရက်ရှိပြီ" လို့ ရန်ကုန်နဲ့မုံရွာ Express ယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။
 
ဒီကနေ့စက်တင်ဘာ ၁၃ရက် နံနက်ပိုင်းကစပြီး တံတားဦးမြို့နယ်တွင်း ရန်ကုန်- မန္တလေး အမြန်လမ်းမပေါ် ရေစတက်လာတာကြောင့် မွန်တည့် ၁၁ နာရီ​ကျော်က အမြန်လမ်းအသုံးပြုမှု အသွားအလာနှစ်ဖက်လုံးကို သက်ဆိုင်ရာအာဏာပိုင်တွေက ယာယီပိတ်လိုက်တယ်လို့ သိရပါတယ်။
 
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းနဲ့ပြည်နယ်အချို့မှာ ရေကြီးရေလျှံမှူတွေဖြစ်ပွားနေတာလည်းဖြစ်ပြီး အဝေးပြေးခရီးသွားယာဉ်လိုင်းအချို့ဟာလည်း အချို့သောခရိီးစဥ်တွေကို ရပ်နားထားရတယ်လို့ သိရပါတယ်။
 
Photo- Wai Lin/လူမှုကွန်ယက်

Related posts

Cover
တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” အရှိန်ကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မိုးထစ်ချုန်းရွာမည်ဟုဆို
Nov 06, 2025
Cover
ရန်ကုန်မှာ တိုက်ခန်းဝယ်ယူခွင့် စာရွက်စာတမ်းအတုနဲ့ လိမ်လည်မှုတွေရှိလာ
Nov 04, 2025
Cover
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ မိုးကြီးမည်
Nov 04, 2025
Cover
ရန်ကုန်လေဆိပ်ကို ညပိုင်းအချိန် ၂လကြာပိတ်မယ်လို့ကြေညာ
Oct 30, 2025
Cover
ဆန်တန်ချိန်၂၅ တန်နှင့်အထက်သိုလှောင်ရုံများအား မှတ်ပုံတင်ခိုင်း၊ လစဉ် ကုန်ရ ကုန်ထုတ် စာရင်းများပါပေးပို့ရမည်ဟုဆို
Oct 30, 2025
Cover
ရွေးကောက်ပွဲ အပိုင်း ၂ကို ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မှာ ပြုလုပ်မည်ဟု စစ်ကော်မရှင်ကြေညာ
Oct 29, 2025
Cover
တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ကျပ်သိန်း ၁၀၀ ပေးမည်ဟုစည်းရုံးသူများနှင့် တရုတ်နိုင်ငံသားများကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီချ
Oct 29, 2025
Cover
မြန်မာနိုင်ငံ၏ လူဦးရေ ဆယ်စုနှစ်အတွင်း ပထမဆုံး အကြိမ် လျော့ကျလာဟု စစ်ခေါင်းဆောင်ပြော
Oct 29, 2025