NEWS

ရန်ကုန်-မန္တလေးလမ်းပိုင်းယာယီပိတ်ထား

CoverLogo
604 Views
 
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ရန်ကုန် မန္တလေး အမြန်လမ်းမမှာ လမ်းရေကျော်ပြီး ရေ​မြင့်တက်လာတာကြောင့် စက်တင်ဘာ ၁၃ ရက် နေလယ်ပိုင်းအချိန်ကစတင်ပြီး လမ်းအသုံးပြုမှုယာယီရပ်နားထားတယ်လို့ သိရပါတယ်။
 
"ဒီနေ့ကျွန်တော့်အလှည့် ရန်ကုန်ပြန်တက်ရမှာ။ နေ့လည်ကပဲလမ်းရေကျော်လို့ပိတ်ထားတယ်ဆိုလို့ ဒီနေ့မတက်ဖြစ်ဘူး။ အဝိုင်းကနေနှာပေါက်နားဖြစ်မယ်။ အမြန်လမ်း ၃၅၄မိုင်လောက်ကနေစပြီး ရေမြုပ်နေတာတဲ့။ကျွန်တော်က မုံရွာဆင်းလာတာ ၂ရက်ရှိပြီ" လို့ ရန်ကုန်နဲ့မုံရွာ Express ယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။
 
ဒီကနေ့စက်တင်ဘာ ၁၃ရက် နံနက်ပိုင်းကစပြီး တံတားဦးမြို့နယ်တွင်း ရန်ကုန်- မန္တလေး အမြန်လမ်းမပေါ် ရေစတက်လာတာကြောင့် မွန်တည့် ၁၁ နာရီ​ကျော်က အမြန်လမ်းအသုံးပြုမှု အသွားအလာနှစ်ဖက်လုံးကို သက်ဆိုင်ရာအာဏာပိုင်တွေက ယာယီပိတ်လိုက်တယ်လို့ သိရပါတယ်။
 
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းနဲ့ပြည်နယ်အချို့မှာ ရေကြီးရေလျှံမှူတွေဖြစ်ပွားနေတာလည်းဖြစ်ပြီး အဝေးပြေးခရီးသွားယာဉ်လိုင်းအချို့ဟာလည်း အချို့သောခရိီးစဥ်တွေကို ရပ်နားထားရတယ်လို့ သိရပါတယ်။
 
Photo- Wai Lin/လူမှုကွန်ယက်

Related posts

Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026