NEWS

ရန်ကုန်၊ ပဲခူးဒေသမှာတိုက်ပွဲတွေ စတင်တော့မယ် လို့ NUG ပြော

CoverLogo
458 Views

ရန်ကုန် နဲ့ ပဲခူး ဒေသတွေကို နယ်မြေ စိုးမိုးဖို့ အတွက် တိုက်ပွဲတွေ စတင်တော့မယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။ 

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်ဒေသ လက်ရုံး တပ်ဖွဲ့ ဝင်တွေ ကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သွားရောက် တွေ့ဆုံ ရာမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

 

""ဒီနေ့ တပ်တွေရွှေ့တော့မယ်၊ အခုလို တပ်တွေရွှေ့ရတဲ့ ရည်ရွယ်ချက်က ရန်ကုန်၊ ပဲခူးဒေသ တွေ ပြန်လည်စိုးမိုးဖို့ ဒီကနေ့ ရွှေ့တာဟာ တပ်ထွက်တာပဲ၊ တိုက်ပွဲတွေ စတော့မယ်ပေါ့၊ မင်းတို့ သင်တန်းတွေလည်း ပြီးဆုံးသွားပြီ၊ အတွေ့အကြုံတွေလည်း အများကြီးရှိသွားပြီ၊ မင်းတို ကြံကြံခံနိုင်တဲ့အတွက်လည်း ဂုဏ်ပြုတယ်လို့ " NUGအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ 

 

လက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်လို့လည်း အောင်မြင်မှု တွေ အများကြီး ရရှိနေပြီး အာဏာရှင်စနစ် ပျောက်မှသာနိုင်ငံ ဖွံဖြိုး တိုးတတ်လာမှာ ဖြစ်တယ်လို့လဲ ဆိုထားပါတယ်။ 

 

ဒါ့အပြင် အောင်မြင်ခါ နီးလေ သွေးခွဲမှု တွေ လည်း ရှိလာတဲ့ အတွက်  ရည်ရွယ်ချက်တွေ မပျောက်မပျောက်စေဘဲ သွေးခွဲမှု တွေ ကို နားမယောင် ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောထားပါတယ်။ 

 

လက်ရှိမှာလည်း ပဲခူးတိုင်း အတွင်း မြို့နယ် အချို့မှာ တိုက်ပွဲ တွေ ဖြစ်ပေါ်လျက်ရှိသလို ရန်ကုန်တိုင်း အတွင်း မှာ လည်း အာဏာပိုင်တွေ ရဲ့ ရုံး အဆောက်အဦးနဲ့ လူပုဂ္ဂိုလ်တွေကို  ပြည်သူ့ကာကွယ်ရေးတပ်မတော် အဖွဲ့ ဝင်တွေ မှ ပစ်ခတ် သတိပေး တာမျိုးတွေ မကြာမကြာ ဖြစ်ပေါ်နေပါတယ်။ 

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026