NEWS

ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ‌ ဒေသတချို့မှာမိုးရွာသွန်းကာ လျှပ်စီးလက်၊ မိုးသီး‌ကြွေတဲ့ မိုးလေဝသဖြစ်စဉ်တွေဖြစ်နိုင်

CoverLogo
457 Views

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီ ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ မုတ်သုံလေ အရှိန်‌ကြောင့် ရန်ကုန်အပါအဝင်မြန်မာနိုင်ငံမိုးရွာသွန်းကာ လျှပ်စီးလက်၊ မိုးသီး‌ကြွေတဲ့ မိုးလေ၀သဖြစ်စဉ်တွေဖြစ်လာနိုင်တယ်လို့ စက်တင်ဘာ၃၀ ရက်မနက် ပိုင်းမှာ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ ထုတ်ပြန်အသိပေးထားပါတယ်။ 

မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့ ရာသီဥတုဖြစ်စဥ်‌‌ ထဲ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်း လျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ် များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်တယ်လို့ဖော်ပြထားပါတယ်။

စက်တင်ဘာ ၃၀ ရက် ယနေ့မှ အောက်တိုဘာ ပထမတစ်ပတ်အတွင်းမှာလည်း နိုင်ငံအနှံ့မိုးရွာသွန်းနိုင်ကြောင်း ပြင်ပမိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာ ကတစ်ဆင့်ရေးသားအသိပေးထားပါတယ်။ 

ဧရာဝတီ နဲ့ ချင်းတွင်း မြစ်ဖျားပိုင်းတွင် မိုးအလွန်များနိုင်ပြီး အ‌ရှေ့မြောက်ဘက်မှ ဝင်လာမယ့် မိုးတိမ်များရွေ့လျားရာလမ်းကြောင်းပေါ်ရှိ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ရှမ်း ပြည်နယ် မြောက်ပိုင်း ဒေသတချို့တွင် (၂၄) နာရီအတွင်းမိုးများနိုင်ကာ မကွေးတိုင်းတွင် မကွေးမြို့ပေါ်တွင် (၂၄)နာရီအတွင်းရွာသွန်းမယ့် မိုးရေချိန်မများနိုင်သော်လည်း သရက်၊ စလင်း၊ အောင်လံ(မြေဒူး)စတဲ့မြို့များတွင် ၃၀ မီလီမီတာအထက်မှ ၄၀ မီလီမီတာအထက် (၂၄) နာရီအတွင်း ၁.၁၈ လက်မမှ ၂ လက်မ နီးပါးအထိ) မိုးရွာနိုင်မယ်လို့ဆိုပါတယ်။ 

အလားတူ  စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ကလေးမြို့နယ်နဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်များတွင် "အောက်တိုဘာ (၁) ရက် နံနက် (၁) နာရီ မှ အောက်တိုဘာ (၂) ရက် နံနက် (၁) နာရီအထိ (၂၄)နာရီအတွင်း မိုးရေချိန် (၆) လက်မခန့်မှ (၈) လက်မ ခွဲခန့်အထိ မိုးအလွန်များများရွာသွန်းနိုင်ကြောင်း ၊ကလေးမြို့နယ်အတွင်း မြစ်သာမြစ်ရေ တက်လာနိုင်ခြင်းအပါအဝင်၊ နယ်နမိတ်ချင်း ကပ်လျှက်တည်ရှိနေသော ချင်း ပြည်နယ်မြောက်ပိုင်းတွင်လည်း မိုအလွန်များပြီး၊ တောင် ကျချောင်းရေ ရုတ်တရက်ကျဆင်းခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ကြောင်း ယင်းက ဖော်ပြထားပါတယ်။ 

ဒါ့ပြင် တာချီလိတ်မြို့နဲ့အနီးတဝိုက်၊ မယ်ဆိုင်ချောင်းတလျှောက် မိုးများနိုင်ပြီး ချောင်းရေမြင့်တက်လာနိုင်သည့် အတွက် ထပ်မံရေကြီးနိုင်ကြောင်း ကိုလည်း ဦး၀င်းနိုင်ကရေသားအသိပေးထားပါတယ်။ 

 


Related posts

Cover
တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” အရှိန်ကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မိုးထစ်ချုန်းရွာမည်ဟုဆို
Nov 06, 2025
Cover
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ မိုးကြီးမည်
Nov 04, 2025
Cover
အပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးထစ်ချုန်း ရွာမည်။
Oct 20, 2025
Cover
အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ဟုမိုး/ဇလထုတ်ပြန်
Sep 29, 2025
Cover
အပူပိုင်းမုန်တိုင်း "ဘူအလွိုင်" ကြောင့် တိုင်းနှင့်ပြည်နယ်များတွင် အောက်တိုဘာ ၂ရက် အထိ မိုးကြီးနိုင်
Sep 28, 2025
Cover
ငမိုးရိပ်ရေလှောင်တမံ ရေပြည့်မှတ်ရောက်ရန် ပေဝက်ခန့်သာ လိုတော့ဟုဆည်မြောင်းဝန်ကြီးဌာနအသိပေး
Sep 26, 2025
Cover
စစ်တောင်း၊ ပဲခူး၊ သံလွင်နှင့်ဘီလင်းမြစ် တို့ ၆နာရီမှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်ရောက်ရှိမည်ဟု မိုးဇလ အသိပေး
Sep 24, 2025
Cover
တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ အရှိန်ကြောင့် နေရာအနှံ့ မိုးကြီးမှု သတိပြုရန်လို
Sep 22, 2025