NEWS

ရန်ကုန်လေဆိပ်တွင် Black List (အမည်မည်းစာရင်း) မပါသူများကို မှားယွင်းတားဆီးမှုမရှိရေး အလေးထားဆောင်ရွက်ရန် လဝကဝန်ကြီးညွှန်ကြား

CoverLogo
862 Views

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ Black List (အမည်မည်းစာရင်း) မပါသူတွေကို မှားယွင်းတားဆီးမှုမရှိရေး အလေးထားဆောင်ရွက်ဖို့ ဝန်ထမ်းတွေကို ပြောဆိုထားတယ်လို့ နိုဝင်ဘာလ (၅) ရက်နေ့ထုတ် စစ်​ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။ 

လက်ရှိမှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တာဝန်ကျဝန်ထမ်းတွေဟာ စာရွက်စာတမ်း ပြည့်စုံပေ မယ့် ပြည်ပထွက်ခွာခွင့် မပြုတာ၊ ထင်ရှားကျော်ကြားသူတွေကို ပြည်ပထက်ခွာခွင့် တားမြစ်တာတွေလည်း လုပ်ဆောင်နေပါတယ်။ 

နိုဝင်ဘာလ (၄) ရက်နေ့မှာ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းဟာ မန္တလေးလေဆိပ်က ထိုင်းနိုင်ငံကိုထွက်ခွာဖို့ ကြိုတင်အကြောင်းကြားထားတာမရှိလို့ဆိုကာ ပတ်စ်ပို့သိမ်းခံရပြီး လေဆိပ်ကနေလှည့်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။ 

နိုင်ငံပိုင်သတင်းစာရဲ့ ဖော်ပြချက်ထဲမှာတော့ ပြည်ထောင်စုဝန်ကြီးက လေဆိပ်မှာလူဝင်မှု ကြီးကြပ်ရေးဆိုရင်ရာ တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေကို လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြစ်စေရေး၊ Black List (အမည်မည်းစာရင်း) သွင်းထားသူတွေကို ပြည်ပထွက်ခွာခွင့် မပြုစေရေး စနစ်တကျ စိစစ်တားဆီးရေးနဲ့  Black List (အမည်မည်းစာရင်း) မပါသူများကို မှားယွင်းတားဆီးမှုမရှိရေး အလေးထား ဆောင်ရွက်ဖို့ မှာကြားခဲ့တယ်လို့ တွေ့ရပါတယ်။ 

“စာရွက်စာတမ်းစုံလည်း အပိတ်ခံရတယ်။ ဘာအတွက်လည်း မေးရင်လည်း သေချာတဲ့ အကြောင်းပြချက် မပြော ဘူး။ ပြောရရင် တော်တော်ဒုက္ခရောက်တယ်။ ကြားရတာလည်း လွတ်လွတ်ကင်းကင်း ထွက်လို့ရအောင် ကြိုပြီးလမ်းကြောင်းရှင်းရတာတွေလည်း ရှိတယ်ကြားမိတယ်”လို့ လေဆိပ်ကနေ ပြည်ပထွက်ခွာခွင့် တားခံခဲ့ ရသူတစ်ဦးက ပြောပါတယ်။ 

လက်ရှိမှာ ရန်ကုန်လေဆိပ်မှာ အဖွဲ့အစည်းပေါင်းစုံက စုပေါင်းစိစစ်တာတွေ လုပ်ဆောင်နေပြီး သတ်မှတ်ချက် တွေနဲ့အညီ လုပ်ဆောင်မှု အားနည်းနေပါတယ်။ 

ဒါ့အပြင် စီးပွားရေးအသင်းအဖွဲ့တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ အစည်းအဝေး၊ မီတင်၊ စီးပွားရေးကိစ္စ၊ ဖိုရမ်၊ ဆေးစစ်၊ဘုရားဖူး ၊ အလည်စတာတွေနဲ့ ပြည်ပထွက်ခွာ လိုသူတွေဟာ ကြိုတင်ခွင့်ပြုချက် ယူရမယ်လို့ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက စည်းကမ်းထုတ်ပြန်   ထားတာဖြစ်ပါတယ်။  ဒီလိုသတ်မှတ်ချက်တွေကိုတော့ ၂၀၂၄ ခုနှစ်ကစတင်ပြီး  တင်းတင်းကြပ်ကြပ် ဆောင်ရွက်လာတာဖြစ်သလို အသိမပေးဘဲ ထွက်ခွာသူကို စုံစမ်းစစ်ဆေးမှုတွေပါ ပြုလုပ်လာတာလို့ ပြည်ထဲရေး သတင်းရင်းမြစ်က ဆိုထားပါတယ်။ 

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026