NEWS

ရန်ကုန်မှာ မိုးကြီး ရေလျှံမှု အလုပ်သမား​တွေ သွားလာရေးအခက်အခဲဖြစ်နေ

CoverLogo
404 Views

လေဖိအားနည်းရပ်ဝန်းကြောင့်မိုးရွာသွန်းမှုဆက်တိုက်ဖြစ်ပေါ်ကာရေကြီးရေလျှံမှုတွေကြောင့်ရန်ကုန်က မြို့နယ် အများစုမှာ အလုပ်သမား​တွေ သွားလာရေးအခက်အခဲဖြစ်ပေါ်နေပါတယ်။ 

အောက်တိုဘာလ (၂၀)ရက်ညကစတင်ပြီးမိုးသည်းထန်စွာရွာသွန်းနေတာဖြစ်ပြီးရေကြီးရေလျှံတာတွေဟာလူနေရပ်ကွက်တွေတင်မကဘဲကားလမ်းမတွေပေါ်မှာပါဖြစ်ပေါ်နေတာပါ။ 

"အလုပ်ကလှည်းတန်းနားထိသွားရတယ်။ကားတော်တော်အဆင်မပြေဘူး။‌ကားရှားတယ်။အသွားအလာခက်တယ်။‌အချိန်ပိုကုန်တယ်"လို့ ပုဂ္ဂလိကဝန်ထမ်းတစ်ဦးကပြောပါတယ်။ 

လက်ရှိမှာရေကြီးရေလျှံမှုကြောင့်ကားအသွားအလာတွေခက်ခဲသလိုတက္ကစီဌားရမ်းခတွေလည်းဈေးနှုန်းတွေမြင့်တက်နေပါတယ်။ 

"ကားငှားဖို့လည်းမလွယ်ဘူး။အရင်ကလှည်းတန်းနဲ့ရွှေပြည်သာဆိုနှစ်သောင်းလောက်ပဲရှိတယ်။အခု grab application နဲ့ငှားဖို့ကြည့်တော့(၂၇၈၀၀)လောက်ပေးရမယ်။လက်တားကျတော့လည်းခေါ်ဈေးဖြစ်နေတယ်။မဖြစ်မနေအလုပ်ကခေါ်လို့သွားရရင်တော့ကားကတကယ်အခက်အခဲဖြစ်နေတာ"လို့‌ရွှေပြည်သာမြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။ 

ရေကြီးရေလျှံမှုကြောင့်‌အလုပ်သမားတွေသွားလာရခက်ခဲနေပြီး စာသင်​ကျောင်း​တွေ ပိတ်ထား​ပေမယ့် အလုပ်‌ပိတ်တာတွေတော့မရှိသေးဘူးလို့အလုပ်သမားတွေဆီကသိရပါတယ်။ 

Photo-​ CJ ရွှေပြည်သာမြို့နယ် ရှိ ရက်ကွက်နဲ့ စာသင်​ကျောင်းအချို့ မှာ ​ရေကြီး​ရေလျှံ​နေတဲ့ မြင်ကွင်းများ။

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025
Cover
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်
Nov 30, 2025
Cover
နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာပြုလုပ်မှု စိစစ်တင်းကြပ်
Nov 30, 2025
Cover
နိုဝင်ဘာ တတိယ ၁၀ ရက် ပတ်အတွင်း လာနီညာ ဖြစ်ပေါ် နိုင်ဟု မိုးဇလအသိပေး
Nov 21, 2025
Cover
ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
ပဲခူးမြို့အတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ဖြတ်သန်းခွင့်မပေးတော့သဖြင့် ခရီးသွားများ အခက်တွေ့
Nov 15, 2025
Cover
တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” အရှိန်ကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မိုးထစ်ချုန်းရွာမည်ဟုဆို
Nov 06, 2025