NEWS

ရန်ကုန်မှာ မိုးကြီး ရေလျှံမှု အလုပ်သမား​တွေ သွားလာရေးအခက်အခဲဖြစ်နေ

CoverLogo
628 Views

လေဖိအားနည်းရပ်ဝန်းကြောင့်မိုးရွာသွန်းမှုဆက်တိုက်ဖြစ်ပေါ်ကာရေကြီးရေလျှံမှုတွေကြောင့်ရန်ကုန်က မြို့နယ် အများစုမှာ အလုပ်သမား​တွေ သွားလာရေးအခက်အခဲဖြစ်ပေါ်နေပါတယ်။ 

အောက်တိုဘာလ (၂၀)ရက်ညကစတင်ပြီးမိုးသည်းထန်စွာရွာသွန်းနေတာဖြစ်ပြီးရေကြီးရေလျှံတာတွေဟာလူနေရပ်ကွက်တွေတင်မကဘဲကားလမ်းမတွေပေါ်မှာပါဖြစ်ပေါ်နေတာပါ။ 

"အလုပ်ကလှည်းတန်းနားထိသွားရတယ်။ကားတော်တော်အဆင်မပြေဘူး။‌ကားရှားတယ်။အသွားအလာခက်တယ်။‌အချိန်ပိုကုန်တယ်"လို့ ပုဂ္ဂလိကဝန်ထမ်းတစ်ဦးကပြောပါတယ်။ 

လက်ရှိမှာရေကြီးရေလျှံမှုကြောင့်ကားအသွားအလာတွေခက်ခဲသလိုတက္ကစီဌားရမ်းခတွေလည်းဈေးနှုန်းတွေမြင့်တက်နေပါတယ်။ 

"ကားငှားဖို့လည်းမလွယ်ဘူး။အရင်ကလှည်းတန်းနဲ့ရွှေပြည်သာဆိုနှစ်သောင်းလောက်ပဲရှိတယ်။အခု grab application နဲ့ငှားဖို့ကြည့်တော့(၂၇၈၀၀)လောက်ပေးရမယ်။လက်တားကျတော့လည်းခေါ်ဈေးဖြစ်နေတယ်။မဖြစ်မနေအလုပ်ကခေါ်လို့သွားရရင်တော့ကားကတကယ်အခက်အခဲဖြစ်နေတာ"လို့‌ရွှေပြည်သာမြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။ 

ရေကြီးရေလျှံမှုကြောင့်‌အလုပ်သမားတွေသွားလာရခက်ခဲနေပြီး စာသင်​ကျောင်း​တွေ ပိတ်ထား​ပေမယ့် အလုပ်‌ပိတ်တာတွေတော့မရှိသေးဘူးလို့အလုပ်သမားတွေဆီကသိရပါတယ်။ 

Photo-​ CJ ရွှေပြည်သာမြို့နယ် ရှိ ရက်ကွက်နဲ့ စာသင်​ကျောင်းအချို့ မှာ ​ရေကြီး​ရေလျှံ​နေတဲ့ မြင်ကွင်းများ။

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
အားကောင်းသော မုန်တိုင်းငယ် မွန်ပြည်နယ် ကျိုက်ထိုမြို့၏ တောင်ဘက်မှ စတင်ဖြတ်ကျော် အညိုအဆင့်သတိပေးချက် မိုးဇလ ထုတ်ပြန်
Sep 28, 2026
Cover
အနီရောင်အဆင့် မုန်တိုင်းငယ်  မော်လမြိုင် သုံးခွနှင့်ပဲခူးအနီးကို ဗဟိုပြုနေ
Sep 28, 2026
Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026