NEWS

ရန်ကုန်မြို့မှာ စစ်တပ်က VPN တခုတွေ့လျင် ငွေ ၅၀၀၀ ကျပ်တောင်း

CoverLogo
712 Views

လက်ကိုင်ဖုန်းထဲမှာ VPN အပလီကေးရှင်းသုံးစွဲမှုရှိမရှိစစ်ဆေးပြီး ငွေညှစ်တာတွေလုပ်ဆောင်နေတာကြောင့်ပြည်သူတွေစိုးရိမ်သောကဖြစ်နေကြပါတယ်။

ပြည်တွင်းမှာလူမှု့ကွန်ယက်နဲ့ အခြားသော ဝပ်ဂ်ဆိုက်တွေ တွေကို နည်းပညာနဲ့ ပိတ်ပင်ထားလို့ ပြည်သူတွေအင်တာနက်သုံးစွဲရာမှာအခက်အခဲတွေမကြာခဏဖြစ်ပေါ်နေပြီး VPN အပလီကေးရှင်းကိုသုံးစွဲနေရတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းက ပြည်သူတွေအနေနဲ့  Facebook ကဲ့သို့ လူမှုကွန်ယက်သုံးစွဲလိုပါက ဖုန်းကွန်ရက်နဲ့ အင်တာနက်လိပ်စာ ခြေရာခံတာကို ဖျောက်နိုင်တဲ့ VPN ( Virtual Private Network) ကို အသုံးပြုနေရတာပါ။

"စိတ်တွေအရမ်းပင်ပန်းတယ်။တကယ်ဆိုကိုယ်ပိုင်ပိုက်ဆံနဲ့၀ယ်ထားတဲ့ဖုန်းထဲကိုယ်ဘာသာ ဘာသုံးသုံးပေါ့။
အခုကျအင်တာနက်မရလို့ VPN သုံးတော့လည်းပြစ်မှုကျူးလွန်တာဖြစ်နေတော့စိတ်တွေအဆင်မပြေဘူး။အခုသတင်းတွေမှာVPN စစ်ပြီးငွေတောင်းနေတာတွေလည်းတွေ့နေရတယ်။တကယ်ကိုမနေသင့်တော့တဲ့နိုင်ငံဖြစ်နေပြီ"လို့ပုဂ္ဂလိက၀န်ထမ်းတစ်ဦးကပြောပါတယ်။

လက်ရှိမှာစစ်ကောင်စီကဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကိုပြင်ဆင်ရေးဆွဲနေပြီးခွင့်ပြုချက်မရှိဘဲVPNသုံးစွဲရင်ထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ဖို့ရေးဆွဲထားတာပဲဖြစ်ပါတယ်။

"တကယ်ဆိုဥပဒေရှိတယ်ဆိုရင်တောင်အရင်ပညာပေးကာလလုပ်ရမှာလေ။အခုကျဥပဒေရှိ မရှိတောင်လူတိုင်းမသိဘူး။အောက်ခြေမှာကငွေရှာနေကြပြီ။မနေ့ကဆိုထောင်၀င်စာသွားပို့တာအသိအမတစ်ယောက်ကဖုန်းဆက်ပြီးစစ်တာရှိတယ်။ကိုယ့်ဖုန်းထဲဖျက်ထားဖို့သတိပေးတယ်။နောက်အဆင်အဆင့်သတိပေးတော့လန့်ကုန်ကြတာပေါ့။ထောင်၀င်စာကဖုန်းတော့မစစ်ပေမယ့်စိတ်ကမလုံခြုံဘူးလေ။အခုကဘာမှန်းမသိဘဲအကုန်ကြောက်နေရတယ်။လုံခြုံမှုမရှိသလိုခံစားရတယ်"လို့ထောင်၀င်စာလစဥ်ပေးပို့နေသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီလက်ထက်မှာပြည်သူတွေဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်၊ ဘက်ထရီစက်ဘီးစီးတာတွေဟာပြစ်မှုကျူးလွန်တာဖြစ်ပြီးသိမ်းဆည်းခံနေရသလိုအခုချိန်မှာတော့လက်ကိုင်ဖုန်းသုံးစွဲတာကိုပါထိန်းချုပ်လာတာပဲဖြစ်ပါတယ်။

"ပုံမှန် မူးယစ်ဆေးဝါး တုတ် ဓား လက်နက် စစ်တယ်ထင်တာပေါ့ စစ်ကား ၂ စီးနဲ့ လူမိုက်တွေလိုလဲ တွေ့တယ်။လွယ်အိတ်ကိုတောင်းစစ်တယ် ဖုန်းကိုတွေ့တော့ ဖွင့်ခိုင်းပြီး ဖေ့စ့်ဘုတ်သုံးလားမေးတယ် ပြီးတော့ VPN တွေတွေ့တော့ တစ်ခု ၅ ထောင်ဆိုပြီး ၄ ခုရှိတော့ ၂၀၀၀၀ တောင်းလို့ ပေးလိုက်ရတယ်"လို့ ငွေကြေးပေးဆောင်ခဲ့ရသူတစ်ဦးကပြောပါတယ်။

အရင်ကတော့ အခုလို ဖုန်းစစ်တာကို စက်မှုဇုန်တွေမှာ လိုက်လံစစ်ဆေးနေပေမဲ့ လက်ရှိမှာတော့ ရန်ကုန်မြို့က မြို့နယ်အများစုမှာ စစ်ဆေးနေပြီး လမ်းဆုံလမ်းခွ ၊ ဘတ်ကားဂိတ် နဲ့ စက်ရုံအလုပ်ရုံတွေအရှေ့ တွေ မှာ လိုက်လံ စစ်ဆေးကာ ငွေကြေးတောင်းခံတာတွေပါ ပြုလုပ်လာကြတာဖြစ်ပါတယ်။

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026