NEWS

ရန်ကုန်မြို့မှာ စစ်ကောင်စီကို တလအတွင်း ၁၅ ကြိမ် တိုက်ခိုက်ခဲ့

CoverLogo
599 Views

၂၀၂၄ အောက်တိုဘာလအတွင်း ရန်ကုန်မြို့ရှိ မြို့ပြပြောက်ကျားအင်အားစုတွေက စစ်ကောင်စီကို ပုံစံ မျိုးစုံနဲ့  တိုက်ခိုက်မှု ၁၅ ကြိမ်ရှိခဲ့တယ်လို့ Rangoon Scout Network(RSN) က ထုတ်ပြန်ထားပါတယ်။ 

၂၀၂၁ စစ်တပ်အာဏာ သိမ်းပြီး ​နောက်ပိုင်း မြို့ပြပြောက်ကျားအင်အားစုတွေက စစ်အုပ်ချုပ်ရေးယန္တရားကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိတဲ့ မြို့နယ်အသီးသီးက ပစ်မှတ်​တွေကို ​ရွေးချယ်တိုက်ခိုက်​နေတာပါ။ 

ပြီးခဲ့တဲ့ လထဲမှာ​တော့ ရွှေပြည်သာမြို့နယ် အမှတ် - ၁၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး၊ မြောက်ဥက္ကလာမြို့နယ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ လှည်းကူးမြို့မရဲစခန်း၊ တောင်ဒဂုံမြို့နယ် (၂၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ရန်ကုန် အောင်မင်္ဂလာအဝေးပြေး ကားဝင်းအနီးရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ဝင်း၊ မှော်ဘီလေတပ် နှင့် ခြေမြန်တပ်ရင်း (ခမရ) -၁၀၆ တပ်ရင်းတို့ကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်နဲ့ စစ်အုပ်ချုပ်ရေးဒေါက်တိုင်များကို မိုင်းခွဲတိုက်ခိုက်မှု ၁၀ ကြိမ်၊ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်မှု လေးကြိမ်၊ လက်နက်အတို၊ ရှော့တိုက်ဒုံး၊ ၄၀ မမ၊ တုတ်/ဓား အသုံးပြုပြီး တစ်ကြိမ်စီ တိုက်ခိုက်ခဲ့တာဖြစ်တယ် လို့ သိရပါတယ်။ 

အောက်တိုဘာလအတွင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ ကြည့်မြင်တိုင်၊ တောင်ဒဂုံ၊ ဒဂုံ၊ ဗဟန်း၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှည်းကူး၊ လှိုင်သာယာနှင့် အင်းစိန်စတဲ့ မြို့နယ် တွေမှာ စစ်ဆင်ရေးပြုလုပ်ခဲ့တာလို့ သိရပါတယ်။ 

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026