NEWS

ရန်ကုန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ထဲ ရေဝင်မှုများကာ အခက်အခဲများ ဖြစ်ပေါ်

CoverLogo
690 Views

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အများစုတွင်  ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရပ်ကွက်အချို့ရှိ အနိမ့်ပိုင်းနေရာများ၌ ရေဝင်နစ်မြုပ်မှုများ ဖြစ်ပေါ်ကာ အခက်အခဲဖြစ်နေကြရတယ်လို့သိရပါတယ်။ 

" ရွှေပြည်သာကအတော်ဆိုးတယ်ကြားရပါတယ်။ လှိုင်သာယာဘက်ရော သမိုင်းဘက်ရောပေါ့။ တောင်ဥက္ကလာဘက်တောင် စာတိုက်လမ်းဆုံ ပ​ဒေသာလမ်းဆုံဆိုရင်ရေတွေ အတော်တက်နေလို့ ကားတောင် လှည့်ပြန်ခဲ့ရတယ်။ CRV, RAV4တို့ SUV တို့လို အလတ်စားလေးတွေပါ သွားဖို့ သိပ်မကောင်းပါဘူး။  ကိုယ်တွေတော့ ကားပြန်လှည့်ပြီး တခြားလမ်းကြောင်းကနေ ပတ်သွားခဲ့လိုက်ရတယ်" လို့ Deliver လုပ်သားတစ်ဦးက ဆိုပါတယ်။ 

အောက်တိုဘာ ၁၉ ရက်နေ့ညကတည်းက ဆက်တိုက်ရွာသွန်းတဲ့ မိုးကြောင့် အောက်တိုဘာ ၂၁ ရက်မှာ ရန်ကုန်မြို့ရေကြီးရေလျှံမှုတွေစတင်ဖြစ်ပေါ်လာကာ အောင်မဂ်လာအဝေးပြေးကားဝင်း၊ 
ရွှေပြည်သာ၊ လှိုင်သာယာ၊ မဂ်လာဒုံ၊ မရမ်းကုန်း၊ သမိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းအပြင် ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှာ နေအိမ်တွေထဲအထိရေလျှံမှုဖြစ်ကာ အခက်အခဲတွေကြုံနေရတယ်လို့ သိရပါတယ်။ 

" ရွှေပြည်သာကိုသွားတာ ရေကအကုန်ကြီးနေလို့ လှည့်ပြန်ခဲ့ရတယ်။ ပါရမီလမ်းဆိုသစ္စာလမ်းပွိုင့်အထိ ကားတွေသွားမရဘူးရေကြီးနေတာ။ လှိုင်သာယာဘက်ရိုးကြိးမှာ ကျွန်တော့်သူငယ်ချင်းအပြင်ထွက်မရဘူးရေကြီးနေလို့ အိမ်တွေထဲအထိ။ သူအလုပ်အရေးကြီးတာကို ထွက်မရလို့မထွက်ရဘူး" လို့ မြို့ပြနေပြည်သူတစ်ဦးက ဆိုပါတယ်။ 

ရေကြီးမှုတွေမှာ ရွှေပြည်သာကအဆိုးဆုံးဖြစ်နေပြီး ရေရှောင်ကယ်ထုတ်ရတာတွေ ရေလွတ်ရာကိုပြောင်းရွှေ့ရတာတွေအထိ ရှိနေလို့ပြည်သူ ၇၀၀ လောက်အထိ ကူညီမှူတွေလုပ်နေရတာစားသောက်ရေးအတွက်ပါ အခက်အခဲတွေရှိနေကြတယ်လို့ ပရဟိတအသင်းတွေထံက သိရပါတယ်။ 

​ရွှေပြည်သာမြို့နယ်  အမှတ် ၇၊ အမှတ် ၈ ရပ်ကွက်၊ ပုလဲလမ်းတဝိုက်၊ အမှတ် ၁၀ ရပ်ကွက်၊ အမှတ် ၁၂ ရပ်ကွက်၊ အမှတ် တ/၁၅ ရပ်ကွက်နဲ့ ၁၄လမ်းဆုံစတဲ့နေရာတွေမှာ နေအိမ်၊ လိုင်းခန်းများအတွင်းသို့ပါ ရေများဝင်ရောက်လာနေသလို အခြားသောနေရာတော်တော်များများမှာလည်း အိမ်အခန်းထဲထိ ရေတွေရောက်လာလို့ ပစ္စည်းရွှေ့​ပြောင်းခြင်းများ  ထုပ်ပိုးထားတာ​တွေ ပြုလုပ်နေရတယ်လို့ သိရပါတယ်။ 

အဲဒီလို နေအိမ်ထဲသို့ ရေဝင်ရောက်လာမှုများကြောင့် မြို့နယ်နေ ပြည်သူအချို့ နေစရာ အခက်အခဲများ၊ စားစရာ အခက်အခဲများ​ဖြစ်လို့ ပရဟိတအသင်းများ ထမင်းထုပ်များသောက်ရေများ ဝိုင်းဝန်းကူညီပံ့ပိုးနေကြရသလို မြို့နယ်အနှံ့မှာ ယာဥ်ကြောပိတ်ဆို့မှုတွေလည်း ရှ်ိနေတယ်လို့ သိရပါတယ်။ 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026