NEWS

ရန်ကုန်တိုင်း မြို့နယ် ၄ ခု မှာ ၂၄ နာရီအတွင်း ဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်များစုစည်းမှု

CoverLogo
2.3K Views

ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ  ၂၄နာရီအတွင်း ဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်များကို စုစည်းတင်ပြလိုက်ပါတယ်။

 

  • ဒေါပုံမြို့နယ် ၊ သဘော်ကျင်းရဲစခန်းအတွင်းသို့ လက်ပစ်
    ဗုံး ပစ်သွင်းကာ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရ
     

၂၀၂၂ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ ည၇နာရီ၇မိနစ် အချိန်ခန့်
က ဒေါပုံမြို့နယ် ၊ သဘော်ကျင်းရဲစခန်းအတွင်းသို့ 
လက်ပစ်လက်ပစ်ဗုံး ပစ်သွင်းကာ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

Burma Final Revolution Armed Forces (B.F.R.A.F) အဖွဲ့က ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ​ထုတ်ပြန်
ပါတယ်။

စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

 

  • သာကေတမြို့နယ်အတွင်း ဇန်နဝါရီလ ၅ရက်နေ့ညက
    သေနတ်ပစ်သံတွေကြားခဲ့ရ
     

သာကေတမြို့နယ်အတွင်းမှာ ဇန်နဝါရီလ ၅ရက်နေ့ည
၁၁နာရီ၁၀မိနစ်ခန့်ကသေနတ်အတွဲလိုက်ပစ်သံတွေကြားခဲ့ရပါတယ် ။

စစ်ကောင်စီဘက်ကပစ်တဲ့ အသံဖြစ်တယ်လို့ သာကေတ
မြို့နယ်​ဒေသံခံတွေကပြောကြပါတယ် ။ အဆိုပါပစ်ခတ်သံကို သာကေတမြို့နယ်အတွင်းရပ်ကွက်တော်တော်များက
ကြားခဲ့ရပါတယ် ။

  • ဒေါပုံမြို့နယ် ၊ဒေါပုံစျေး အတွင်း စစ်ကောင်စီသတင်းပေးဟုဆိုသူ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရ
     

ဒီကနေ့ ဇန်နဝါရီလ ၆ရက်နေ့ မနက် ၇နာရီဝန်းကျင်က
ဒေါပုံမြို့နယ်၊ ဒေါပုံဈေးအတွင်း စစ်ကောင်စီသတင်းပေး
ဟုဆိုသူ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံခဲ့ရပါတယ်။

အဆိုပါ လုပ်ဆောင်ချက်ကို Wolf Warriors STF (WWSTF)အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ် ။ ယင်းအမျိုးသမီးအကြောင်း အသေးစိတ်ကိုတော့
မသိရသေးပါဘူး ။

  • သာကေတမြို့နယ် မီတာရုံးအတွင်းရှိ စစ်ကောင်စီကား
    ဗုံးပစ် တိုက်ခိုက်ခံရ
     

ဒီကနေ့ ဇန်နဝါရီလ ၆ရက်နေ့ နေ့လည်ပိုင်းမှာ သာကေတမြို့နယ် မီတာရုံးအတွင်းရှိ စစ်ကောင်စီကား ဗုံးပစ်တိုက်ခိုက်ခံရပါတယ် ။

အဆိုပါတိုက်ခိုက်မှုကို Burma Final Revolution Armed Forces (B.F.R.A.F) အဖွဲ့ကပြုလုပ်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှု ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မီတာဆောင်ခြင်း မပြုလုပ်စေရန် ဖြစ်တယ်လို့ သိရပါတယ် ။

ပေါက်ကွဲမှုကြောင့်ထိခိုက်ပျက်စီးမှု ဘယ်လောက်
ရှိလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး ။

၁၁ လအတွင်း သာကေတမြို့နယ် မီတာရုံးအနီး ပေါက်ကွဲမှုပေါင်း (၅) ကြိမ်ထိပ် မနည်းဖြစ်ပွားခဲ့တာလည်း ဖြစ်ပါ
တယ်။

  •  သာကေတမြို့နယ် ရန်ပြေရပ်ကွက်အတွင်း စစ်ကောင်စီသတင်းပေးဟုဆိုသူ အမျိုးသားတစ်ဦး ထပ်မံ ပစ်ခတ်ခံရ
     

ဒီကနေ့ ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၅နာရီဝန်းကျင်ခန့်
မှာပဲ သာကေတမြို့နယ် ရန်ပြေရပ်ကွက်အတွင်း စစ်ကောင်စီသတင်းပေးဟုဆိုသူ အမျိုးသားတစ်ဦး ထပ်မံ ပစ်ခတ်ခံခဲ့ရပါတယ် ။

အဆိုပါပစ်ခတ်မှုကိုလည်း Burma Final Revolution Armed Forces (B.F.R.A.F) အဖွဲ့ပြုလုပ်ခဲ့တာ
ဖြစ်ပြီးမျက်လုံးတစ်ချက် ဗိုက်တစ်ချက် (သို့မဟုတ်) နှစ်ချက်ပစ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

  • ရွှေပေါက္ကံဘောလုံးကွင်းအတွင်းက စစ်တပ်ကို ဗုံးသီးလက်နက်ဖြင့်ပစ်ခတ်ခံရ

 

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ ဘောလုံးကွင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို  နံနက် ၄နာရီ ၅၀ မိနစ်အချိန်တွင် 40 mm ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ခံရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးနိုင်ကြောင်းနှင့် Area 21 ၏ မိတ်ဖတ်ညီနောင်များဖြစ်သော CGF YGN  နှင့် Yangon Federal Army - YFA  အဖွဲ့ကပြုလုပ်တာလို့ သတင်းထုတ်ပြန်ပါတယ်။

 

  • လှိုင်သာယာ ရုံးရှေ့မှတ်တိုင်အနီးက စစ်ကောင်စီတပ်သားတွေ ပတ်ခတ်ခံရ

ဒီကနေ့မနက်ပိုင်း ၉နာရီ၄၅မိနစ်လောက်မှာရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရုံးရှေ့မှတ်တိုင်အနီးမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အဆိုပါပစ်ခတ်ခံရမှုကြောင့် စစ်ကောင်တပ်ဖွဲ့ဝင် (၁)ဦး ထိမှန်ခဲ့ကြောင်း အတည်ပြုချက်ရရှိခဲ့ပြီး ပစ်ခတ်မှုအား CGF -YGN၏မိတ်ဖက်ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Spring Revolution Flames - SRF မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

PYT  စုစည်းသည်။

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026