NEWS

ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်း၊ တင်ပို့မှုကို အောက်တိုဘာ ၁ ရက်မှစပြီး MACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်

CoverLogo
414 Views
 
ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်သွင်းတင်ပို့မှု ကို ကုန်သေတ္တာစနစ်နဲ့ ဆောင်ရွက်လျက်ရှိရာကနေ အောက်တိုဘာ ၁ ရက် မှ စကာ MACCS စနစ်နဲ့ ပြောင်းလဲဆောင်ရွက်မယ်လို့ အကောက်ခွန်ဦးစီးဌာနက ကြေညာပါတယ်။
 
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် နယ်စပ်ကုန်သွယ်ရေးနည်းလမ်းနဲ့ ရနောင်း - ရန်ကုန် ကို ကုန်သေတ္တာစနစ် အသုံးပြုပြီး ပို့ကုန်သွင်းကုန်လုပ်ငန်း လုပ်ငန်းစဉ် ကို ၂၀၂၄ ခုနှစ် ဇွန်လ မှစတင်ကာ Manual နည်းလမ်းဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။
 
ယခုအခါ ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်ဖြင့် တင်သွင်းတင်ပို့မှု များ အတွက် ကြေညာလွှာ ဖွင့်လှစ်တာကို Manual နည်းလမ်း အစား အောက်တိုဘာ ၁ရက်မှစပြီး MACCSစနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
 
ဒါကြောင့် ပို့ကုန်သွင်းကုန် ကြေညာလွှာတင်သွင်းသူတွေဟာ ကြေညာလွှာမှာ မိမိတို့ တင်ပို့တင်သွင်းမှုနဲ့ သက်ဆိုင်တဲ့ မပျက်မကွက်ဖြည့်စွက်ရမယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ကြေညာလွှာမှာ Station ၊ Section Mode of Transport နဲ့ Loading /Unloading Location တွေကို အထူးဂရုပြုဖြည့်စွက်ရမယ်လို့ ဆိုပါတယ်။
MACCS စနစ်ဆိုတာမှာ အလိုအလျောက်ကုန်စည်လွှဲပြောင်း သယ်ယူခွင့်ပေးပို့စနစ်ဖြစ်ကာ စာရွက်စာတမ်းဖြင့်ဖြည့်စွက်ရတာတွေကို အွန်လိုင်းနဲ့ အလွယ်တကူ ပြုလုပ်နိုင်အောင် လုပ်ဆောင်ထားခြင်းဖြစ်ပါတယ်။
 
၎င်းစနစ်အရ သွင်းကုန်ကြေညာလွှာတွေကို အလိုအလျှောက်လက်ခံစိစစ်ပေးပြီး ကျသင့်အခွန်တွေကိုအလိုအလျှောက်တွက်ချက်ကာ ငွေပေးချေမှု လုပ်ငန်းစဉ်ပြီးတာနဲ့ကုန်ပစ္စည်းထုတ်ယူခွင့်ကို စက်ကနေအလိုအလျောက်ပြန်ချပေးတဲ့စနစ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026