NEWS

ယခုလ အတွင်း ကမ္ဘောဒီးယား ကျားဖြန့် မှ မြန်မာနိုင်ငံသား ၅၆၀ ကျော် ပြန်ပို့

CoverLogo
452 Views
 
ကမ္ဘောဒီးယား နိုင်ငံရှိ ကျားဖြန့် အလုပ်ရုံ တွေမှာ လုပ်ကိုင်ခဲ့တဲ့ မြန်မာနိုင်ငံသား ၅၆၆ဦး ကို ယခု ဇန်နဝါရီ လ အတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
 
ပထမအသုတ်အနေဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကို ဇန်နဝါရီ ၂၃ရက်တွင် မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
 
ဒုတိယ အသုတ် အနေနဲ့ ဇန်နဝါရီ ၂၅ ရက်တွင် မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ၅၀ဦးကို မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့လည်းကောင်း၊ ၁၉၀ ဦးကို ညနေပိုင်းတွင် တပ်မတော်လေယာဉ် ၂ စီး ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့လည်းကောင်း၊ ထပ်မံ၍ ၁၉၀ ဦးကို တပ်မတော်လေယာဉ် ၂ စီးဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့လည်းကောင်း ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့ရာ စုစုပေါင်း မြန်မာနိုင်ငံသား ၅၆၆ ဦး ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်တယ်လို့ စစ်ကော်မရှင် က ထုတ်ပြန်ထားပါတယ်။
 
အဲဒီ မြန်မာနိုင်ငံသားတွေဟာ ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုး ကြောင့် ပါဝင်ပတ်သက်သူတွေ ဖြစ်ပြီး ၎င်းတို့အစီအစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးသို့ သတင်းပေးပို့မှုများအရလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက လွှဲပြောင်းပေးအပ်မှုများအရလည်းကောင်း ကမ္ဘောဒီယားနိုင်ငံ မြန်မာသံရုံးသို့ ရောက်ရှိခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ကမ္ဘောဒီးယား မှ ပြန်လည်ရောက်ရှိသူတွေ ကို လိုအပ်တဲ့ ကိုယ်ရေးအချက်အလက် တွေ နဲ့ မှတ်တမ်းများ စာရင်းကောက်ယူခြင်း လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ မှာ ကျန်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ကို အမြန်ဆုံးပြန်လည်ခေါ်ဆောင် ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ကော်မရှင်က သတင်း ထုတ်ပြန်ထားပါတယ်။
 
လက်ရှိတွင် ကမ္ဘောဒီးယား ကျားဖြန့် အလုပ်ရုံ တွေ မှာ အကြောင်းအမျိုးမျိုးနဲ့ လူကုန်ကူးခံရပြီး ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားတွေ များစွာရှိနေပြီး ကူညီကယ်ဆယ်ပေးဖို့ မြန်မာသံရုံးနဲ့ လူမှု အကူညီ အဖွဲ့စည်းတွေထံ တောင်းခံထားတာတွေ တွေ့ရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026