NEWS

ယခုလအတွင်း ထိုင်းနိုင်ငံမှာ တရားမဝင်မြန်မာလုပ်သားဖမ်းဆီးခံရမှု နှစ်ဆခန့်မြင့်တက်လာ

CoverLogo
802 Views

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြတဲ့မြန်မာအလုပ်သမားများကို ထိုင်းအစိုးရကဖမ်းဆီးနေရာ ယခုလမှာ ဖမ်းဆီးခံရမှုနှစ်ဆမြင့်တက်လာတယ်လို့ သိရပါတယ်။

'' ပြီးခဲ့တဲ့လကတစ်လလုံးဖမ်းခံရတဲ့သူ ၆၀ ရှိတယ်။ ခုလက လတစ်ဝက်မရှိသေးဘူး ၁၂ရက်နေ့အထိကို ၆၀ ကျော်နေပြီဆိုတော့ နှစ်ဆလောက်မြင့်လာတယ်အဖမ်းအဆီးကလည်းစိပ်လာတယ်'' လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးဆောင်ရွက်သူ တစ်ဦးက ဆိုပါတယ် ။

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက တစ်လ လုံးဖမ်းဆီးရမှု မြန်မာလုပ်သား ၆၄ ယောက်သာရှိခဲ့ပြီးယခုလအောက်တိုဘာလမှာတော့ လတစ်ဝက်မကျိုးခင် ၁၂ ရက်နေ့အထိ ဖမ်းဆီးရမိတဲ့ တရားမဝင်မြန်မာလုပ်သားဦးရေဟာ ၆၇ ဦးအထိ ဖမ်းဆီးရမိခဲ့တာကြောင့် ယခုလအတွင်းဖမ်းဆီရမှုက နှစ်ဆအထိမြင့်တက်လာတာဖြစ်ပြီး မြန်မာအလုပ်သမားတွေအနေနဲ့လည်း ဖမ်းဆီးမှုတွေဆက်တိုက်ပြုလုပ်နေတာကြောင့် အထူးသတိပြုရန်နဲ့ တရားမဝင်ဝင်ရောက်ခြင်းနဲ့ ပွဲစားနဲ့ဝင်ရောက်လာခြင်းတွေကို အထူးရှောင်ရှားဖို့လိုတယ်လို့လည်း ဆိုပါတယ်။

ထိုင်းအစိုးရအနေနဲ့ တရားမဝင်နိုင်ငံခြားသားလုပ်သားဖမ်းဆီးရမိစာရင်းအရ ၂၀၂၀ -၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာအလုပ်သမား လေးသောင်းကျော်မှ ငါးသောင်း 
အထိ ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းမှာရှိတဲ့မြန်မာအလုပ်သမားအခွင့်အရေးကူဆောင်ညီရွက်သူတွေဆီကနေ သိရပါတယ်။

'' ပွဲစားတွေကိုလမ်းစာရိတ် မြန်မာပြည်မှ ဘန်ကောက်အရောက် ၁၅,၀၀၀-၃၅,၀၀၀ ဘတ်ပေးကြရတယ် ။ ပြီးရင်ဖမ်းခံရတာပဲ'' လို့ ၎င်းကဆိုပါတယ်။

၂၀၂၀- ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီခံခဲ့ရသည့် နိုင်ငံခြားသားအလုပ်သများမှာ  ကမ္ဘောဒီးယား ၊ လာအို၊  မြန်မာ တို့မှ အလုပ်သမားစုစုပေါင်း  ၄၃၅၇၇ ဦးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ရာ ကမ္ဘောဒီးယား နှင့် လာအို မှတစ်သောင်းခန့်သာပါဝင်ကာ ကျန်သုံးသောင်းကျော်မှာ မြန်မာအလုပ်သမားများသာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ ဇန်နဝါရီလ     ၅၁၆ ဦး၊
ဖေဖော်ဝါရီလ ၆၅၈ ဦး၊ မတ်လ   ၈၆၀ ဦး၊ 
ဧပြီလ ၁၇၉၂ ဦး၊ မေလ ၄၅၉ ဦးတို့ရှိခဲ့ရာမှာ ကမ္ဘောဒီးယား နဲ့လာအိုမှ လုပ်သား
၅၀၀ ခန့်သာ ပါဝင်ခဲ့ပြီး အများစုမှာ မြန်မာလုပ်သား​များဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါဖမ်းဆီးခံရမှုကိန်းကဂဏန်းအချက်အလက်များမှာ ထိုင်း လဝက ရဲ တို့၏ ဖေစ့်ဘုတ်ပေတ်ခ်ျစာမျက်နှာမှာဖော်ပြထားချက်အရ  သိရှိရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်းသို့  MOU ဖြင့်၀င်ရောက်လာသူ နိုင်ငံခြားသားလုပ်သားစုစုပေါင်း နှစ်သိန်းသုံးသောင်းခြောက်ထောင်ကျော်ရှိရာမှာ မြန်မာလုပ်သား ၁၆၅,၃၇၆ ဦး၊ ကမ္ဘောဒီးယား ၅၂,၄၂၈ဦး၊ နဲ့ လာအို ၁၈,၂၀၈ ဦးတို့ပါဝင်တယ်လို့လည်း သိရပါတယ်။

Photo - ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် အလုပ်သမားများ (ပုံ​ဟောင်း)

MyanmarLabourNews 
migrantworkers


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026