NEWS

မ​​လေးရှားထိန်းသိမ်းရေးစခန်း​မှ မြန်မာနိုင်ငံသား ၁၂၀ ကျော်ကို နေရပ်ပြန်ပို့

CoverLogo
1K Views

မလေးရှားနိုင်ငံမှာရှိတဲ့ ထိန်းသိမ်းစခန်းများမှ မြန်မာနိုင်ငံသား ၁၂၀ကျော်ကို နေရပ်ပြန်ပို့ပေးခဲ့တယ်လို့ ကွာလာလမ်ပူမြို့မှာရှိတဲ့ မြန်မာသံရုံးက ဇူလိုင်၁၄ရက်က ထုတ်ပြန်လိုက်ပါတယ်။

'' မနေ့ကရောဒီနေ့ရောနှစ်ရက်ပြန်ပို့ပေးလိုက်တာပါ။ သူတို့ကပစ်ဒဏ်ကျခံပြီးသားတွေဖြစ်တယ်။ ပစ်ဒဏ်ကျပြိးကမ့်မှာနေနေရတဲ့သူတွေပေါ့။ သံရုံးအစီစဥ်နဲ့  MAI နဲ့ပြန်ပို့ပေးလိုက်တာ''ဟု ကွာလာလမ်ပူမြို့မှာရှိတဲ့ မြန်မာသံရုံးနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

အဆိုပါအလုပ်သမားတွေဟာ မလေးရှားနိုင်ငံမှာပစ်ဒဏ်ကျခံပြီး အကြောင်းအမျိုးမျိုးကြောင့်နေရပ်မပြန်နိုငိသေးဘဲဲ Kemayan Camp၊ လင်ကင်းကန့်နှင့် Belantik ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်ရှိနေကြခြင်းဖြစ်ပါတယ်။

အဆိုပါမြန်မာနိုင်ငံသားတွေကို ဇူလိုင် ၁၄ရက်က  မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(MAI) ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံသား၇၂ဦးကို သံရုံးအစီအစဥ်နဲ့ပြန်ပို့ခဲ့တာဖြစ်ပြီး  ဇူလိုင် ၁၃ရက်ကလည်း မြန်မာနိုင်ငံသား ၅၄ဦးတို့ကိုနေရပ်ပြန်ပို့ခဲ့တယ်လို့  ထုတ်ပြန်ထားပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026