NEWS

မြို့နယ် ၅၆ မြို့နယ်မှာရေကြီးမှု​ကြောင့် ပြည်သူရာနဲ့ချီ ​သေဆုံး ၃ သိန်း​ကျော်​​ရေဘေးသင့်

CoverLogo
571 Views

အင်အားကြီး တိုင်ဖွန်း မုန်တိုင်း ရာဂိအရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း ရေကြီးရေလျှံတဲ့ မြို့နယ် ၅၆ မြို့နယ် အထိ တိုးလာကာ ရေဘေးသင့်ပြည်သူလည်း သုံးသိန်း နှစ်သောင်း ကျော် ထိရှိလာတယ်လို့ စက်တင်ဘာ၁၅ရက် ညပိုင်းမှာ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ 

စက်တင်ဘာ ၁၃ ရက်နေ့ ထုတ်ပြန် ချက်မှာ ရေကြီးနစ်မြုပ်တဲ့ မြို့နယ် ၃၄မြို့နယ် နဲ့ရေးဘေးသင့်ပြည်သူ နှစ်သိန်း သုံးသောင်းကျော် ရှိတယ်လို့ 
ထုတ်ပြန်ထားပါတယ်။ 

နေပြည်တော်အပါအဝင် ကယားပြည်နယ် ၊ကရင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်း ရှိ မြို့နယ် ၅၆မြို့နယ်မှာ  ရေကြီးရေလျှံ မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ 

စက်တင်ဘာ ၁၄ ရက် ညပိုင်း အထိ စာရင်းတွေအရ နိုင်ငံတဝန်းမှာ ရေကြီးရေလျှံ မှုကြောင့် ရွှေ့ပြောင်းခဲ့ရတဲ့ နေအိမ် ၇၂၉၀၀ ကျော်ရှိကာ အိမ်ထောင်စု ပေါင်း ၇၈၀၀၀ ကျော် မှ လူဦးရေ ၃၂၀၀၀၀ ကျော် ယာယီကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် နိုင်ငံတဝန်း သေဆုံးသူ ၁၁၃ဦး ရှိကာ ပျောက်ဆုံးသူ ၆၄နဲ့ ထိခိုက်ဒဏ်ရာ ရသူ၁၄ဦး ရှိတယ်လို့ စစ်ကောင်စီ က ထုတ်ပြန်ထားပါတယ်။ 

ပျောက်ဆုံးသူတွေကိုလည်းကြိုးစားရှာဖွေနေတယ်လို့ စစ်ကောင်စစ်က ထုတ်ပြန်ထားပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များ အတွက် လည်းအလှူငွေ များ လှူဒါန်းနိုင်တယ်လို့လဲ ကြေညာထားပါတယ်။ 

​ရေ​ဘေး သင့်​ဒေသက ပြည်သူ​တွေကို ကူညီကယ်ဆယ်​ရေး အတွက် ပြည်တွင်းပြည်ပက  ပြည်သူ​တွေ ဝိုင်းဝန်း  ကူညီလှူဒါန်း​ပေး​နေပြီး ရပ်ရွာအချို့မှာ စစ်​ကောင်စီ လက်​အောက်ခံ အုပ်ချုပ်​ရေးမှူး​တွေကလည်း ​အလှူ​​ငွေလိုက်လံ​ကောက်ခံတာ​တွေလည်းရှိ​နေတာပါ။ 

လတ်တလော အခြေနေထိ ရေကြီးနစ်မြုပ်တဲ့ မြို့နယ် တွေ မှာ မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်း တွေ အများဆုံး အဓိက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကယ်ဆယ်​ရေးပြုလုပ်သူအချို့လည်း ​သေဆုံးခဲ့တယ်လို့သိရပါတယ်။ 

 


Related posts

Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026