NEWS

မြို့နယ် ၃၄ ခုမှာ ရေဘေးသင့်ပြည်သူ နှစ်သိန်းသုံးသောင်းကျော်ရှိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်

CoverLogo
268 Views
 
မုန်တိုင်းဒဏ်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံဖြစ်ပွားနေတဲ့ မြို့နယ်ပေါင်း ၃၄ မြို့နယ်ရှိပြီး ရေဘေးသင့်ပြည်သူ နှစ်သိန်း သုံးသောင်းကျော်ရှိတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီကနေ့ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
 
ရေကြီးရေလျှံဖြစ်ပွားနေတဲ့ မြို့နယ် ၃၄ မြို့နယ်မှာ ရေကြီးနစ်မြုပ်နေဆဲ့ အတွက် ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စု ၅၉၄၁၃ စု၊ လူဦးရေ ၂၃၆၆၄၉ ဦးရှိပြီး ၎င်းတို့အတွက် ကူညီကယ်ဆယ်ရေးစခန်း ၁၈၇ ခု ဖွင့်လှစ်ပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ရေကြီးနစ်မြုပ်မှုများကြောင့် အသက်ဆုံးရှုံးရသူ ၃၃ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ထားကာအတည်မပြုနိုင်သေးတဲ့ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ရွှေလုပ်ကွက် တွေမှာ မြေပြိုကျကာ သေဆုံး ပျောက်ဆုံး သူတွေရဲ့ စာရင်းတွေ ကိုတော့ စုံစမ်းဆဲ ဖြစ်တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
 
နေပြည်တော်၊ တပ်ကုန်းတစ်ဝိုက်မှာတော့ ရေအနည်းငယ် ကျဆင်းလာပြီး အဲဒီရေတွေဟာ စစ်တောင်းမြစ်ထဲကို ကျဆင်းနိုင်တာကြောင့် နောက်ရက်တွေမှာ တောင်ငူ၊ မုန်း၊ ရွှေကျင် ဘက်တွေမှာ အထူးသတိထားရမယ့် အနေ အထား ဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
စက်တင်ဘာ ၁၃ ရက် ညနေပိုင်းမှာလည်း စစ်တောင်းမြစ်ရေ မြင့်တက်လာတဲ့ အတွက် တောင်ငူမြို့နယ် အတွင်း က ရပ်ကွက် ကျေးရွာတွေမှာ ရေဝင်ရောက်မှု များကာ ရေကြီးနစ်မြုပ်မှု တွေ ဖြစ်ပေါ်နေတဲ့ အတွက် နေအိမ်တွေ မှာ ပိတ်မိနေသူတွေကို လူမှုကယ်ဆယ်ရေး အဖွဲ့တွေက သွားရောက် ကူညီခေါ်ယူပေးနေသလို အချို့နေရာတွေ မှာလည်း လာရောက်နိုင်မှု မရှိသေးတဲ့ အတွက် ပြည်သူတွေ က လူမှုကွန်ယက်ကနေ အကူညီတောင်းခံတာတွေ အများပြားတွေ့ရပါတယ်။
Photo-KTY/လူမှုကွန်ယက်

Related posts

Cover
ညောင်တုန်းတွင် ကမ်းပါးပြိုကျသဖြင့် လူနေအိမ်အလုံး၂၀ ​ရေထဲမျောပါ
May 27, 2025
Cover
နိုင်ငံကူးလက်မှတ်အတုပြုလုပ်ပါက အရေးယူမည်ဟု မြန်မာသံရုံး ကြေညာ
May 27, 2025
Cover
ညစ်ညမ်းဗီဒီယိုရိုက်ကူးတဲ့ တရုတ်နိုင်ငံသားတွေကို အလုပ်နှင့်ထောင်ဒဏ် နှစ် ၃၀ စီချ
May 27, 2025
Cover
လူသုံးကုန်ပစ္စည်းအချို့ဈေးမြင့်တက်မှုကြောင့် ပြုပြင်ရေးလုပ်ငန်းငယ်များ ပြန်လည်လုပ်ကိုင်လာ
May 22, 2025
Cover
မြန်မာငွေ ၁ကျပ်တန်နှင့် ၂၀ကျပ်တန်များအား ပင်စင်ထုတ်ပေး
May 22, 2025
Cover
မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကြွေးဟောင်းကျေ မှ ထုတ်ချေးမယ်လို့အသိပေး
May 22, 2025
Cover
အကျဉ်းထောင်များတွင် အစားသောက် လျော့ချကျွေး ၊ အကျဉ်းသားများ မလှုပ်ရှားနိုင်သည့်ရောဂါ များခံစားနေရ
May 20, 2025