NEWS

မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်ဖွင့်သော်လည်း MOU လုပ်သားများ စေလွှတ်နိုင်ခြင်း မရှိသေး

CoverLogo
909 Views
 
ထိုင်းမြန်မာ နယ်စပ် မြဝတီချစ်ကြည်ရေး တံတား အမှတ် ၂ ကိုဧပြီ ၃၀ရက်က ပြန်လည် ဖွင့်လှစ် ခဲ့ပေမယ့် လက်ရှိ အချိန်ထိ MOU အလုပ်သမား များ ကို ယင်းတံတား က တစ်ဆင့် ပြန်လည်စေလွှတ်မှု မရှိသေးဘူးလို့ သိရပါတယ်။
 
မြဝတီမြို့နယ် အတွင်း မှာ တိုက်ပွဲတွေ ဖြစ်ပွားတဲ့ အတွက် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ်၁နဲ့ အမှတ် ၂ တို့ကို ဖြတ်သန်းခွင့် ပိတ်ထားခဲ့ရာ ဧပြီ ၂၇ရက်မှာတော့ အမှတ်၁တံတား ပြန်လည်ဖွင့်လှစ် ခဲ့ပြီး ဧပြီ၃ဝ မှာတော့ အမှတ်၂တံတားကိုပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
 
""အမှတ်၂ တံတားပြန်ဖွင့်ပေမယ့် အဆောက်အဦးတွေပြင်ဆင်စရာတွေ ရှိသေးတဲ့ အတွက်မြဝတီကျောက်လုံးကြီးစခန်းက နေ ထိုင်း ကို MOUလုပ်သား စေလွှတ်တာကိုတော့ ရပ်ထားသေးတယ်။ အဆောက်အဦးတွေပြင်ဆင်ပြီးရင်တော့ ပြန်လွှတ်မှာပါ""လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
မြဝ‌တီ အမှတ် ၂ချစ်ကြည်ရေးတံတား ကနေ ယခင်က ထိုင်းနိုင်ငံ ကို MOU မြန်မာအလုပ်သမား တစ်ရက် ကို ၅၀၀ မှ ၈၀၀ အထိ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် ထိုင်းနိုင်ငံ အတွင်း နေထိုင်မှုသက်တမ်းကုန်ဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေကို မြဝတီ မြို့ မှာ MOU U -Turnစနစ် နဲ့ ထိုင်းနိုင်ငံ အတွင်း တရား၀င်ပြန်လည် အလုပ် လုပ်ကိုင်ရန် ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ MOU မြန်မာအလုပ်သမားတွေ ကို ထိုင်း နိုင်ငံ သို့ လေကြောင်းကနေစေလွှတ်လက်ရှိသလို ကော့သောင်း- ရနောင်း လမ်းက လည်းစေလွှတ်လျက်ရှိကြောင်း သိရပါတယ်။
 
""MOU လုပ်သား တွေ ကို လေကြောင်းနဲ့ စေလွှတ် ပေးနေတယ် မြဝတီ ဘက်က အဆောက်အဦး ပြင်ဆင်တာတွေ ပြီးရင်တော့ MOU လုပ်သားတွေကို ပြန်စေလွှတ်မှာပါ လုပ်သားအသစ်တွေက လေယာဉ်နဲ့ စေလွှတ် နေပေမယ့် MOU U -Turn သမားတွေ ကိုတော့ မြဝတီ-မဲဆောက်ကနေစေလွှတ်သွားမှာပါ""လို့ အလုပ်သမားဝန်ကြီးဌာန ကတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
 
မြဝတီကတစ်ဆင့် MOU လုပ်သား ပြန်လည်စေလွှတ်ခွင့် ရပါက ထိုင်းနိုင်ငံသို့ MOU လုပ်သားစစ်လွှတ်မှုကို ရန်ကုန်-ဒွန်မောင်း လေကြောင်းမှတစ်ဆင့်လည်းကောင်း ကော့သောင်းရ‌‌​နောင်း လမ်းက တဆင့် မြဝတီ -မဲဆောက် လမ်းကတဆင့် လည်းကောင်း ပို့ဆောင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026