NEWS

မြန်မာ MOU အလုပ်သမား ၁၂၆ ဦး ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရသဖြင့် နစ်နာကြေး ဘတ် ၃ သန်း ခန့်ရရှိ

CoverLogo
434 Views
 
ထိုင်းနိုင်ငံ ပါကျင်ပူလီခရိုင်ရှိ သံစက်ရုံတစ်ရုံ မှာ Mou ဖြင့် အလုပ်လုပ်ကိုင်လျှက်ရှိ တဲ့ မြန်မာအလုပ်သမား (၁၂၆)ဦးကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အလုပ်မှ ထုတ်ပစ်ခံခဲ့ရတဲ့ အတွက် နစ်နာကြေးဘတ် ၃ သန်း ခန့်ရရှိအောင် MHAC မဟာမိတ်အဖွဲ့နှင့် အန်ယူဂျီ အလုပ်သမား၀န် ကြီးဌာနမှ တာဝန်ရှိသူ ​တွေ ပူးပေါင်း ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာMOU အလုပ်သမား (၁၂၆)ဦးကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အလုပ်မှ ထုတ်ပစ်ခဲ့တဲ့ အတွက် အလုပ်သမားများမှ မိမိတို့နစ်နာမှုအတွက် ကူညီဆောင်ရွက်ပေးပါရန် အောက်တိုဘာ ၂၉ရက် ညပိုင်း မှာ MHAC မဟာမိတ်အဖွဲ့ ထံ အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေရဲ့ အကူညီတောင်းခံမှုကြောင့် MHAC မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတွေကအောက်တိုဘာ ၃၀ ရက်မှာ ပါကျင်ပူလီ စဝါဒီကန်ရုံးသို့ အလုပ်သမားများနှင့်အတူ သွားရောက်တိုင်ကြားခဲ့တယ်လို့သိရပါတယ်။
အခုလို တိုင်ကြားတဲ့ အတွက် အလုပ်ရှင်သဌေးမှ အလုပ်သမားများ ကို ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ နစ်နာကြေး နှုန်းအတိုင်း အလုပ်သမား တစ်ဦး ကို နစ်နာကြေးနှစ်လစာ (၁၈၀၀၀)ဘတ်နှုန်းနှင့်အလုပ်သမား (၁၂၆)ဦးစာ စုစုပေါင်း (၂၂၆၈၀၀၀)ဘတ်ပေးခဲ့ပြီး အလုပ်ဆင်းရက်၏ ရက်ပေါင်ခ (၁၅)ရက်စာ အတွက်စုစုပေါင်း(၆၆၁၅၀၀) ဘတ်ကို နိုဝင်ဘာ ၈ ရက်နေ့ မှာ ဘဏ်က ကတစ်ဆင့် အလုပ်သမားတွေရဲ့ဘဏ်ကဒ်ထဲသို့ တိုက်ရိုက်ထည့်ပေးသွားမယ်လို့ စက်ရုံဘက်က ပြောကြားခဲ့တယ်လို့သိရပါတယ်။
ထို့နောက် နိုဝင်ဘာ ၅ရက်နေ့ မှာ (MHAC) မဟာမိတ်အဖွဲ့နှင့် အန်ယူဂျီ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများက အလုပ်သမားများရဲ့ သက်ဆိုင်ရာ အေဂျင်စီများသို့ဆက်သွယ်ခေါ်ဆောင်ပြီး ညှိနှိုင်းရာ အလုပ်ပြုတ်ခံရတဲ့ အလုပ်သမားများကို အေဂျင်စီဘက်မှ အခကြေးငွေ တစ်ကျပ်မှ မယူပဲ အလုပ်သစ် ပြန်လည်ရှာဖွေထည့်သွင်းပေးမယ်လို့ပြောကြားခဲ့တဲ့ အတွက် အဆင်ပြေခဲ့ကြောင်း သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026