NEWS

မြန်မာ MOU အလုပ်သမား ၁၂၆ ဦး ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရသဖြင့် နစ်နာကြေး ဘတ် ၃ သန်း ခန့်ရရှိ

CoverLogo
329 Views
 
ထိုင်းနိုင်ငံ ပါကျင်ပူလီခရိုင်ရှိ သံစက်ရုံတစ်ရုံ မှာ Mou ဖြင့် အလုပ်လုပ်ကိုင်လျှက်ရှိ တဲ့ မြန်မာအလုပ်သမား (၁၂၆)ဦးကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အလုပ်မှ ထုတ်ပစ်ခံခဲ့ရတဲ့ အတွက် နစ်နာကြေးဘတ် ၃ သန်း ခန့်ရရှိအောင် MHAC မဟာမိတ်အဖွဲ့နှင့် အန်ယူဂျီ အလုပ်သမား၀န် ကြီးဌာနမှ တာဝန်ရှိသူ ​တွေ ပူးပေါင်း ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာMOU အလုပ်သမား (၁၂၆)ဦးကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အလုပ်မှ ထုတ်ပစ်ခဲ့တဲ့ အတွက် အလုပ်သမားများမှ မိမိတို့နစ်နာမှုအတွက် ကူညီဆောင်ရွက်ပေးပါရန် အောက်တိုဘာ ၂၉ရက် ညပိုင်း မှာ MHAC မဟာမိတ်အဖွဲ့ ထံ အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေရဲ့ အကူညီတောင်းခံမှုကြောင့် MHAC မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတွေကအောက်တိုဘာ ၃၀ ရက်မှာ ပါကျင်ပူလီ စဝါဒီကန်ရုံးသို့ အလုပ်သမားများနှင့်အတူ သွားရောက်တိုင်ကြားခဲ့တယ်လို့သိရပါတယ်။
အခုလို တိုင်ကြားတဲ့ အတွက် အလုပ်ရှင်သဌေးမှ အလုပ်သမားများ ကို ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ နစ်နာကြေး နှုန်းအတိုင်း အလုပ်သမား တစ်ဦး ကို နစ်နာကြေးနှစ်လစာ (၁၈၀၀၀)ဘတ်နှုန်းနှင့်အလုပ်သမား (၁၂၆)ဦးစာ စုစုပေါင်း (၂၂၆၈၀၀၀)ဘတ်ပေးခဲ့ပြီး အလုပ်ဆင်းရက်၏ ရက်ပေါင်ခ (၁၅)ရက်စာ အတွက်စုစုပေါင်း(၆၆၁၅၀၀) ဘတ်ကို နိုဝင်ဘာ ၈ ရက်နေ့ မှာ ဘဏ်က ကတစ်ဆင့် အလုပ်သမားတွေရဲ့ဘဏ်ကဒ်ထဲသို့ တိုက်ရိုက်ထည့်ပေးသွားမယ်လို့ စက်ရုံဘက်က ပြောကြားခဲ့တယ်လို့သိရပါတယ်။
ထို့နောက် နိုဝင်ဘာ ၅ရက်နေ့ မှာ (MHAC) မဟာမိတ်အဖွဲ့နှင့် အန်ယူဂျီ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများက အလုပ်သမားများရဲ့ သက်ဆိုင်ရာ အေဂျင်စီများသို့ဆက်သွယ်ခေါ်ဆောင်ပြီး ညှိနှိုင်းရာ အလုပ်ပြုတ်ခံရတဲ့ အလုပ်သမားများကို အေဂျင်စီဘက်မှ အခကြေးငွေ တစ်ကျပ်မှ မယူပဲ အလုပ်သစ် ပြန်လည်ရှာဖွေထည့်သွင်းပေးမယ်လို့ပြောကြားခဲ့တဲ့ အတွက် အဆင်ပြေခဲ့ကြောင်း သိရပါတယ်။

Related posts

Cover
ပုလိပ်ဖြင့်ဖမ်းခိုင်းမည်ဟုခြိမ်းခြောက်ပြီး လုပ်အားခမပေးဘဲ အလုပ်လုပ်ခိုင်း
Aug 26, 2025
Cover
နယ်စပ်ဖြတ်ကျော်လာပြီး တောထဲတွင် ပုန်းအောင်းနေသည့် မြန်မာလုပ်သား ၁၀၀ ဦးအဖမ်းခံရ
Aug 26, 2025
Cover
ဖူးခက် လ၀က အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
Aug 22, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
ပြည်ပရောက်အလုပ်သမားရဲ့ မိသားစုထံလွှဲပို့ငွေအတွက် အေဂျင်စီတွေကို နေပြည်တော်ခေါ်ယူစိစစ်မည်
Aug 21, 2025
Cover
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အဖမ်းခံရ
Aug 21, 2025
Cover
အလုပ်ပြောင်း၊ သူဌေးပြောင်း မည့် လုပ်သားများ အလုပ်ပြောင်းစာ ဘိုင်ကျန့်အော် ထုတ်စရာမလိုတော့ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
Aug 21, 2025
Cover
အထောက်ထားမပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ဘတ်အသစ်ရိုက်ပေးပြီး အလုပ်လုပ်ခွင့်ပြု
Aug 20, 2025