NEWS

မြန်မာ လုပ်သား ၄၀၀ ကျော် ကို သူဌေးက လစာမပေးလို့ စားဝတ်နေရေး အခက်ခဲဖြစ်နေ

CoverLogo
425 Views
 
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စူကိုဝစ်ဆွယ်(၈၁)မှာ ရှိတဲ့ Power ပါဝါလိုင်း ခမ်းလ်ဒီကုမ္ပဏီ (ဆောက်လုပ်ရေးလုပ်ငန်း) ရှိ မြန်မာလုပ်သား ၄၆၁ ဦးကို သူဌေး ဖြစ်သူက လစာ မပေးတဲ့ အတွက် စားဝတ်နေရေး အခက်ခဲ ဖြစ်ပေါ်နေတယ်လို့ မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ WAGအလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
မြန်မာလုပ်သား ၄၆၁ ဦးဟာ MOU/CIကိုင်ဆောင်ထားသူ တွေ ဖြစ်ပြီး ထိုင်းနိုင်ငံ အနယ်နယ်အရပ်ရပ်မှ အလုပ်ဆိုဒ်(၁၅)ဆိုဒ် မှာ အသီးသီးအလုပ်လုပ် နေတာဟာ ၁ နှစ်မှ ၁၀ နှစ်အထိ ရှိကြပြီ ဖြစ် တယ်လို့ သိရပါတယ်။
 
အဆိုပါဆောက်လုပ်ရေး မှ သူဌေး ဖြစ်သူ က မြန်မာလုပ်သားတွေ ကို လစာ မရှင်းပေးတာ ၂လ ရှိပြီ ဖြစ်ပြီး လုပ်သားတစ်ဦး လျှင် နှစ်လစာ ဘတ်၂၄၀၀၀ ဝန်းကျင်ရရမှာ ဖြစ်ပြီး လုပ်သား ၄၆၁ ဦး စာ စုစုပေါင်း ဘတ် ၁၁ သိန်းကျော် ရှင်းပေးရမှာလို့ ဆိုပါတယ်။
 
ဒါ့အပြင် မြန်မာလုပ်သားတွေ က သူဌေး ထံ စာအုပ်သက်တမ်းတိုးရန်အတွက် ကုန်ကျမယ့် ငွေကိုလည်း ပေးထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။
 
မြန်မာလုပ်သားတွေ မှ သူဌေး ကို လုပ်ခ ရှင်းပေးဖို့ပြောတဲ့အခါမှာလည်း သူဌေးက ၅၀ရာခိုင်နှုန်းသာ အရင်ရှင်းပေးနိုင်မယ်လို့ ပြောတဲ့ အတွက်အပြည့်အ၀မရတာကြောင့် မြန်မာလုပ်သားတွေက လက်မခံ ခဲ့ဘူးလို့ဆိုပါတယ်။
 
အခုလို လုပ်ခလစာ မရတဲ့ အတွက် မြန်မာလုပ်သား ၄၀၀ ကျော်မှာ စားဝတ်နေရေးအခက်ခဲ နဲ့ရင်ဆိုင်ကြုံတွေ့နေရကာ ယခုအခက်ခဲ ပြသာနာကို ဖြေရှင်းပေးဖို့ အတွက် WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံ အကူညီတောင်းခံလာတယ်လို့ သိရပါတယ်။
 
WAGအလုပ်သမားမဟာမိတ်အဖွဲ့ အနေနဲ့ မြန်မာလုပ်သားတွေရဲ့ အကူညီတောင်းခံမှုကို ဩဂုတ်၁၉ရက်မှာ အမှုလက်ခံခဲ့ ပြီး ကူညီပေးသွားမယ်လို့ သိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026