NEWS

မြန်မာ ရွှေ့ပြောင်းကလေးငယ် ၃၀၀ ကျော် ပညာသင်ကြားနေတဲ့ စာသင်ကျောင်း ရပ်နားရန် ထိုင်းအာဏာပိုင်တွေညွှန်ကြား

CoverLogo
658 Views
 
ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မြို့မှာ မြန်မာ ရွှေ့ပြောင်း ကလေးငယ် ၃၀၀ ကျော် ပညာသင်ယူနေတဲ့ ကျောင်း ကို ရပ်နားဖို့ ထိုင်းအာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖေါ်ပြထားပါတယ်။
ဖူးခက်ငါးဖမ်းဆိပ်ကမ်း အနီး ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွက်က မြန်မာ ကလေးငယ်တွေ အတွက် အခမဲ့စာသင်ကျောင်း ဖွင့်လှစ်သင်ကြားပေးတာ ကို ရုပ်သံတင်ဆက်သူတစ်ဦးက ရုပ်သံ မှတ်တမ်း တစ်ခုတင်ဆက်လိုက်ရာကနေ ထိုင်းနိုင်ငံသား တွေရဲ့ဝေဖန်မှုမြင့်တတ်ကာ ကျောင်းကို ရပ်နားဖို့ အခုလိုညွှန်ကြားခံရတာဖြစ်ပါတယ်။
၎င်းစာသင်ကျောင်းနဲ့ပက်သတ်ပြီး မတ်လ ၁၇ ရက် က ဖူးခက်ပြည်နယ်ခန်းမ မှာ ဖူးခက်ပြည်နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာအသီးသီးကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းမှာ စာသင်ကြားမှုကို ရပ်နားဖို့ ညွှန်ကြားခံရပေမယ့် မြန်မာကလေးငယ်နဲ့လူငယ်တွေအတွက် အခြားလှုပ်ရှားမှု ကိုတော့ ဆက်လက်လှုပ်ရှား ခွင့်ပြုထားမှာဖြစ်လို့ ကျောင်းကိုဆက်လက်ဖွင့်ထားခွင့်ပြုတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
အဆိုပါ ပညာသင်ကြားနေတဲ့ မြန်မာကလေးငယ် ၃၀၀ ကျော် ရဲ့ မိဘ တွေထံကနေလည်း နေထိုင်အလုပ်လုပ် ခွင့်စာရွက်စာတမ်းတွေကို တောင်းခံထားတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
စစ်ဆေးမှု အရ စေတနာ့ဝန်ထမ်း နိုင်ငံခြားသားဆရာတွေနဲ့ မြန်မာနိုင်ငံသား ၈ ဦးကို တွေ့ရှိပြီး လက်ရှိ မှာ ၎င်းကျောင်းတည်ထောင်သူနဲ့ မြန်မာနိုင်ငံသား တွေ ကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ဆက်လက် စစ်ဆေးတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Ref-Phuket News

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026