NEWS

မြန်မာ ရွှေ့ပြောင်းကလေးငယ် ၃၀၀ ကျော် ပညာသင်ကြားနေတဲ့ စာသင်ကျောင်း ရပ်နားရန် ထိုင်းအာဏာပိုင်တွေညွှန်ကြား

CoverLogo
330 Views
 
ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မြို့မှာ မြန်မာ ရွှေ့ပြောင်း ကလေးငယ် ၃၀၀ ကျော် ပညာသင်ယူနေတဲ့ ကျောင်း ကို ရပ်နားဖို့ ထိုင်းအာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖေါ်ပြထားပါတယ်။
ဖူးခက်ငါးဖမ်းဆိပ်ကမ်း အနီး ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွက်က မြန်မာ ကလေးငယ်တွေ အတွက် အခမဲ့စာသင်ကျောင်း ဖွင့်လှစ်သင်ကြားပေးတာ ကို ရုပ်သံတင်ဆက်သူတစ်ဦးက ရုပ်သံ မှတ်တမ်း တစ်ခုတင်ဆက်လိုက်ရာကနေ ထိုင်းနိုင်ငံသား တွေရဲ့ဝေဖန်မှုမြင့်တတ်ကာ ကျောင်းကို ရပ်နားဖို့ အခုလိုညွှန်ကြားခံရတာဖြစ်ပါတယ်။
၎င်းစာသင်ကျောင်းနဲ့ပက်သတ်ပြီး မတ်လ ၁၇ ရက် က ဖူးခက်ပြည်နယ်ခန်းမ မှာ ဖူးခက်ပြည်နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာအသီးသီးကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းမှာ စာသင်ကြားမှုကို ရပ်နားဖို့ ညွှန်ကြားခံရပေမယ့် မြန်မာကလေးငယ်နဲ့လူငယ်တွေအတွက် အခြားလှုပ်ရှားမှု ကိုတော့ ဆက်လက်လှုပ်ရှား ခွင့်ပြုထားမှာဖြစ်လို့ ကျောင်းကိုဆက်လက်ဖွင့်ထားခွင့်ပြုတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
အဆိုပါ ပညာသင်ကြားနေတဲ့ မြန်မာကလေးငယ် ၃၀၀ ကျော် ရဲ့ မိဘ တွေထံကနေလည်း နေထိုင်အလုပ်လုပ် ခွင့်စာရွက်စာတမ်းတွေကို တောင်းခံထားတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
စစ်ဆေးမှု အရ စေတနာ့ဝန်ထမ်း နိုင်ငံခြားသားဆရာတွေနဲ့ မြန်မာနိုင်ငံသား ၈ ဦးကို တွေ့ရှိပြီး လက်ရှိ မှာ ၎င်းကျောင်းတည်ထောင်သူနဲ့ မြန်မာနိုင်ငံသား တွေ ကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ဆက်လက် စစ်ဆေးတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Ref-Phuket News

Related posts

Cover
စက်တင်ဘာလအတွင်း မလေးရှားရောက်မြန်မာ ၅၀၀ ကျော်ဖမ်းဆီးခံရ
Oct 03, 2025
Cover
စက်တင်ဘာလအတွင်း မလေးရှားရောက်မြန်မာ ၅၀၀ ကျော်ဖမ်းဆီးခံရ (ရုပ်သံသတင်း)
Oct 03, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့(ရုပ်သံသတင်း) ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု(ရုပ်သံ)
Oct 02, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025