NEWS

မြန်မာ-ရုရှား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ဇန်နဝါရီ ၂၇ ရက် စတင်မည်

CoverLogo
412 Views
 
မြန်မာ-ရုရှား နှစ်နိုင်ငံ ကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေ အတွက် အပြန်အလှန် ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ကို ဇန်နဝါရီ ၂၇ ရက်က စတင် ပြီး အသက်ဝင်ပြီ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
 
ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား ပြည်ဝင်ခွင့်ဗီဇာ အပြန်အလှန်ကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူညီချက် ကို ၂၀၂၅ခုနှစ် အောက်တိုဘာ ၂၈ ရက်က ရုရှားနိုင်ငံ မင့်စ်မြို့မှာ လက်မှတ်ရေးထိုး ခဲ့ ပြီး စာချုပ်ပါအချက်အလက် တွေ ကို လာမယ့် ဇန်နဝါရီလ ၂၇ ရက် မှာ စတင်အသက်ဝင်မယ်လို့ ထုတ်ပြန် ထားပါတယ်။
 
သဘောတူညီချက် အရ ရုရှား နိုင်ငံမှာ အမြဲနေထိုင်ခွင့် ၊ပညာရေးသို့မဟုတ် အလုပ်လုပ်ကိုင်ခွင့် ဆိုင်ရာ အကြောင်းအရာများနဲ့ မသက်ဆိုင်ဘဲ မြန်မာနိုင်ငံသို့ နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ဝင်ရောက်နိုင်သလို မြန်မာနိုင်ငံမှ လည်း ရုရှား နိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ရရှိမယ်လို့ သိရပါတယ်။
 
သို့ပေမယ့် တစ်နှစ်တာကာလအတွင်း စုစုပေါင်းနေထိုင်ခွင့်ကာလဟာ ရက်ပေါင်း ၉၀ ထက်မပိုစေရဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံ မှ စစ်ကော်မရှင်နဲ့ ရုရှား နိုင်ငံတို့ နှစ်နိုင်ငံ ဆက်ဆံရေး တည်ဆောက်နေပြီး မြန်မာနိုင်ငံမှ လုပ်သား တွေကို ရုရှား နိုင်ငံသို့ ၂၀၂၅ခုနှစ် မတ်လ တွင် pilot project ဖြင့် မြန်မာလုပ်သား၂၄ဦးနဲ့ဧပြီတွင် ၃၀ဦး စေလွှတ်ခဲ့ ကြောင်း သိရပါတယ်။
 
ရုရှားနိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်ရန် အတွက် စစ်ကော်မရှင်နဲ့ နီးစပ်မှုရှိတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၄ ခုကို တရားဝင်ခွင့်ပြုထားကာ ကုန်ထုတ် ၊ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးစတဲ့ လုပ်ငန်းတွေ အတွက် ခေါ်ယူမယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026