NEWS

မြန်မာ့အရေးကူညီပေးဖို့ပါဝင်တဲ့အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေကိုသမ္မတဂျိုးဘိုင်ဒင်လတ်မှတ်ရေးထိုးအတည်ပြု

CoverLogo
2.3K Views

ဒေါ်လာဘီလျံ၈၀၀နီးပါးသုံးစွဲမယ့်မြန်မာ့အရေးကူညီပေးဖို့ပါဝင်တဲ့ (၂၀၂၂)ခုနှစ်ကာကွယ်ရေးဘတ်ဂျက်ဥပဒေ NDDA ကို သမ္မတဘိုင်ဒန်က ယမန်နေ့ဒီဇင်ဘာ၂၇ ရက်နေ့ကပဲ လက်မှတ်ထိုးအတည်ပြုလိုက်တယ်လို့သိရပါတယ်။

သမ္မတလက်မှတ်ရေးထိုးပေးလိုက်ပြီဖြစ်တဲ့ ကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေမှာ ၂၀၂၂ အတွက် ကာကွယ်ရေးဘတ်ဂျက် ဒေါ်လာ ဘီလျံ(၈၀၀) နီးပါး သုံးစွဲမှာဖြစ်ဖြစ်ပြီးတော့အခုအတည်ပြုလိုက်တဲ့ ဥပဒေရဲ့ နိုင်ငံခြားတိုင်းပြည်များအခန်းမှာ  မြန်မာဒီမိုကရေစီရေးကို ကူညီထောက်ခံပေးရေး ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာဥပဒေပါဝင်တာမို့ အမေရိကန်အစိုးရဟာ မြန်မာ့အရေးကို ဥပဒေပါအချက်တွေအတိုင်း လုပ်ကိုင်ရတော့မှာဖြစ်ပါတယ်လို့ဆိုပါတယ်။

အတည်ပြုလိုက်တဲ့ ဥပဒေထဲမှာပါဝင်တဲ့ဥပဒေပြဌာန်းချက်တွေအရအမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နိုင်ငံတကာက အသိအမှတ်ပြုဖို့နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်မှူတွေ NUG နဲ့ဒီမိုကရေစီအင်အားစုတွေကို ဘယ်လိုကူညီပံ့ပိုးပေးမယ်ဆိုတဲ့ မဟာဗျူဟာတွေကို အမေရိကန်အစိုးရကလွှတ်တော်မှာလာရောက်တင်ပြရမှာဖြစ်ပြီးတော့ NUG အမျိုးသားညီညွတ်ရေး အစိုးရ၏ တရားဝင်မှုကို အမေရိကန်အစိုးရက မြှင့်တင်ပေးရန်၊ CDM နှင့် ဒီမိုကရေစီကိုမြှင့် တင်ပေးသောအဖွဲ့အစည်းများကို ကူညီထောက်ပံ့ရန်၊ မြန်မာစစ်ကောင်စီ၏ တရားဝင်မှုကို အမေရိကန် အစိုးရက ငြင်းပယ်ပြီး အရင်းအမြစ်များ မရရှိစေရေး ပိတ်ဆို့ အရေးယူရန် တို့ကို တရားဝင်ပြဋ္ဌာန်းထားပါတယ်။

NDAA ဥပဒေကို ပြဋ္ဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံနှင့်ပတ် သက် ၍  ဆောင်ရွက်ချက်များကို အမေရိကန်အစိုးရက အမေရိကန်လွှတ်တော်သို့ အစီရင်ခံတင်ပြရမည်ဆိုသော ပြဋ္ဌာန်းချက်ပါဝင်ကြောင်း သိရပါတယ်။

အမေရိကန်အစိုးရက လွှတ်တော်သို့ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်ချက် အစီရင်ခံတင်ပြသည့်အခါ  မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အမေရိကန် အစိုးရမူဝါဒ၊ လုံခြုံရေးရည်ရွယ်ချက်တွေကိုထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး  အမေရိကန်အစိုးရ၏ လုပ်ဆောင်ချက်‌များကို ထည့်သွင်း ဖော်ပြရမည်ဖြစ်ကြောင်း၊   အမေရိကန်အစိုးရ၏ လက်ရှိထောက်ပံ့ပေးနေသည်များကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊  တရုတ်၊ ရုရှားတို့၏ မြန်မာနှင့်ပတ်သက်သည့်မဟာဗျူ ဟာအကျိုးစီးပွားကို ထည့်သွင်းဖော်ပြရမည်ဟု ပြဌာန်း ထားကြောင်း သိရှိရပါတယ်။
 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026