NEWS

မြန်မာအလုပ်သမား ၄၀ ထံ မှ ထိုင်းဘတ်ငွေ ၁၄ သိန်းကျော်ကို အမျိုးသမီးတစ်ဦးက လိမ်လည်ပြီးထွက်ပြေးဟုဆို

CoverLogo
582 Views
ထိုင်းနိုင်ငံ အယုဒ္ဓယ ခရိုင် ဆာလာပူရီမြို့ရှိ ကြက်သားစက်ရုံ မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၄၀ဦး ထံ မှ ယင်းစက်ရုံ က ခန့်ထားသော စကားပြန် ဖြစ်သူ မြန်မာ အမျိုးသမီး တစ်ဦးက ထိုင်းဘတ်ငွေ ၁၄ သိန်း ကျော်ကို လိမ်လည် ထွက်ပြေးသွားတယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံက သိရပါတယ်။
စကားပြန်ဖြစ်သူ မ----- ဆိုသူ က အလုပ်သမား များ ကို အလုပ်စမတ်(အလုပ်လျှောက်)ပေးမယ် စာရွက်စာတမ်း လုပ်ပေးမယ်ဆိုကာအလုပ်သမားတစ်ဦး ကို ထိုင်းဘတ် ငွေ ၂၅၀၀၀ ဖြင့် စုစုပေါင်း ဘတ်ငွေ ၁၀ သိန်း ကို လိမ်လည် သွားခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အလုပ်သမားတွေရဲ့ တစ်လစာ လုပ်အားခ တစ်ဦး ကို ဘတ် ၁၁၀၀၀ နှုန်း နဲ့ အယောက် ၄၀စာ ဘတ် ၄၄၀၀၀၀ ကိုလည်း ယူသွားကာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
"ဘတ် ၁၄၄၀၀၀၀ ကို လိမ်ယူပြီး ထိုင်းနိုင်ငံ အတွင်းမှာပဲ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရတယ် အလုပ်သမားတွေရဲ့ ချွေးနဲစာ ကို လိမ်ယူပြီး ထွက်ပြေးတဲ့ မအေးငြိမ်းဇင်ကို တွေ့ရှိ ရင် လာရောက် အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံပါတယ်"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လိမ်လည်ပြေးသူရဲ့ ဇာတိမှာ မကွေးတိုင်းဒေသကြီး မင်းလှ မြို့နယ်က ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026